Monday, February 3, 2014

{လေးမျက်နှာမြို့နယ်ဇီဝိတဒါန(ကျွဲ-နွား)အသက်ကယ်အသင်း ပန်ကြားနိုးဆော်လွှာ}

လေးမျက်နှာမြို့နယ်အတွင်း ကျွဲနွားများသတ်ဖြတ်မှု့မှ ကင်းဝေးစေရန်အတွက်မြို့နယ်သူမြို့နယ်သားများစုပေါင်း၍အမဲလိုင်စင်အားဇေီဝိတဒါနအဖြစ်ဝိုင်းဝန်းလှူဒါန်းပါရန်နှင့်တစ်နှစ်တစ်ကြိမ်တည်းသာမကဘဲနှစ်စဉ်သားစဉ်မြေးဆက်ရသက်ပန်တည်မြဲသွားနိုင်ရေးအတွက်ပဒေသာပင်စိုက်ထူနိုင်သည်အထိပါဝင်လှူဒါန်းကြပါရန်ပန်ကြားနိုးဆော်လိုက်ရပါသည်။မြို့ပေါ်ရှိဆရာတော်အရှင်သူမြတ်များ၏မေတ္တာရပ်ခံလွှာ မြို့မိမြို့များ၏တင်ပြစာမြို့နယ်ကိုယ်စားပြုလွှတ်တော်အမတ်များထံမှတဆင့်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံဇီဝိတဒါနလိုင်စင်ရ ရှိရေးတင်ပြဆောင်ရွက်သွားမည်ဖြစ်ပါသည်။ရာသက်ပန်သားစဉ်မြေးဆက် အဘယဒါန ဇီဝိတဒါနပရမတ္တကုသိုလ်အောင်မြင်ရေးအတွက်လေးမျက်နှာမြို့နယ်အတွင်းရှိစေတနာရှင် မေတ္တာရှင် ဂရုဏာရှင်တို့၏ကာယအား ဥာဏအား ဓနအားများအထူးလိုအပ်လျှက်ရှိပါသည်ပြည်သူတို့တတ်နိုင်သည့်ဘက်မှကူညီပေးမည်ကို လက်ကမ်းကြိုဆိုပါသည်။ယခုအခါတွင်ဆရာတော်ကြီးများမှသြဝါဒစရိယဆရာတော်များအဖြစ်ဦးဆောင်ကာသြဝါဒကိုခံယူပြီး လူမှု့ရေးအဖွဲအစည်းများစုပေါင်း၍ဇီဝိတဒါန ကျွဲ နွားအသက်ကယ်ကုသိုလ်တော်အဖွဲ့ကိုဖွဲ့စည်းတည်ထောင်သွားမည့်အပြင်လေးမျက်နှာမြို့နယ်အတွင်းရှိကျေးရွာတိုင်းတွင်လည်းအဖွဲ့ခွဲများ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်စီစည်နေပါသည်၍အဖွဲ့များသည်လေးမျက်နှာမြို့နယ်အတွင်း ကျွဲ နွားသတ်ဖြတ်မှု့မှကင်းဝေးစေရန်ဆောင်ရွက်မည်ဖြစ်သည့်အပြင်အခြားဆက်နွယ်ရာလုပ်ငန်းများတွင်လည်းဥပဒေနှင့်အညီဖြစ်စေရေးအတွက်နိုင်ငံတော်ကိုကူညီပေးသွားမည်ဖြစ်ပါသည်။လေးမျက်နှာမြို့နယ်တွင်လေလံငါးရပ်ရှိရာအိုင်သပြုအမဲလေလံမှာ(၆၆)သိန်း ခမောက်စုအမဲလေလံ(၁၁၀)သိန်း မဲဇလီအမဲလေလံ(၉)သိန်း လှော်ကထားအမဲလေလံ(၃၁)သိန်းလေးမျက်နှာအမဲလေလံ(၆၆)သိန်းစုစုပေါင်းကြမ်းခင်ဈေးမှာ( ၂၈၂ ) သိန်းဖြစ်ပါသည်။သို့ဖြစ်ရာ တယောက်အားဖြင့် ယူသော်မရ တစ်သောင်းအားဖြင့်ယူသော်ရ၏ ဟူသောဆိုရိုးစကားဖြင့်အညီလူကြီးမင်းများအနေနှင့်လည်းဇီဝိတဒါန ကျွဲနွားအသက်ကယ်ကုသိုလ်တော်လုပ်ငန်းအတွက်မတည်ငွေအဖြစ်လှူဒါန်းပေးပါရန်မေတ္တာရပ်ခံပါသည်။