Monday, December 30, 2013

ဗုဒ္ဓကိုကြည်ညိုခြင်း

ဗုဒ္ဓကိုကြည်ညိုခြင်း
လူသာမန်တို့အိမ်ခန်းထိပ်မှာ အိမ်ဦးခန်းမှာပေါ့ အိမ်တိုင်း ဘုရားကျောင်းဆောင် ဗုဒ္ဓ၏ကိုယ်ပွားရုပ်ပွားတော် ဗုဒ္ဓဘာသာဝင်တိုင်း ရှိပေမည်။ဗုဒ္ဓကိုရှေ့တည့်တည့်မှာထားပြီး ပြောချင်ရာပြော လုပ်ချင်ရာလုပ်(အဂါရဝ)အရိုအသေပေါ့လျှော့ရာ ရောက်တာနှင့်တူပါသည်။
ဂေါတမဗုဒ္ဓမှာလူချောပင်ဖြစ်ရမည်မှန်သော်လည်း ချောခြင်းလှခြင်း လှခြင်းထက် ရာဂကင်းစင်၍ ကြည်ညိုဖွယ်ဆောင်နေတာက ကြက်သရေရှိလှပေ၏။အကြောင်းခြင်းရာအမျိုးမျိုးကြောင့် ရပ်တော်မူ၁၈တောင်မျိုးသဏာန်မျိုးဖန်တီးထားစေကာမူ ထိုင်လျှက် ထလျှက်  စင်္ကြကြွလျှက် တွေ့မြင်ဖူးတွေ့ရပေမဲ့ ကျွန်ုအကြည်ညိုဆုံး အရိယာပုဒ်မှာ တင်ပျည်ခွေလျှက်  မျက်လွှာချကာ ဖလသမာပါတ် ဝင်စားတော်မူသောအနေအထားသည် ကျွန်ုပ်အကြည်ညိုဆုံးသောအရိယာပုဒ်ဖြစ်ပေသည်။

Sunday, December 29, 2013

ကိုယ့်ရဲ့အသွင်ကို ဓဗမ္မအမြင်နဲ့ကြည့်မယ်ဆိုရင်

ကိုယ်ရဲ့ ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် လောကအမြင်မှာတော့ ဘ၀ဆိုတာ တချို့ ပျော်စရာကြီးလို့ ထင်ကြတယ်။ တချို့ကလည်း ငြီးငွေ့စရာကြီးလို့ ပြောကြတယ်။ဓမ္မအမြင်နဲ့ ကြည့်လိုက်တော့= =၁။ ဘ၀ဆိုတာ “မကောင်းတဲ့ဆီ တွန်းပို့တာ ခံနေရတာ”၊ အခြေအနေက တည်ငြိမ်နေတာမဟုတ်ဘူး။၂။ အဲဒီ တွန်းပို့ခံနေရတဲ့ မတည်ငြိမ်တဲ့ ဘ၀ကြီးမှာ ကာကွယ်နိုင်သူ၊ အုပ်ချုပ်နိုင်သူ မရှိဘူး၊ “အကာအကွယ် မဲ့နေတယ်”။၃။ ဘ၀ကြီးမှာ “ပိုင်ဆိုင်တယ်ဆိုတာ တစ်ခုမှ မရှိဘူး”၊ အားလုံးထားခဲ့ရမှာ ဖြစ်တယ်။၎။ ဘ၀ကြီးဟာ “အမြဲတမ်း လိုပြီးတော့နေတယ်”၊ ဘယ်တော့မှ ရောင့်ရဲတင်းတိမ်တယ်ဆိုတာ မရှိဘူး။၅။ တို့ဟာ “တဏှာရဲ့ကျွန် ဖြစ်နေကြတယ်”။ဘ၀နဲ့ပတ်သတ်ပြီး ဒါတွေကို ဒီလိုမြင်မှ ဓမ္မနဲ့မြင်တယ်လို့ ပြောရမှာနော်။ ။{၂၀၀၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ မင်္ဂလာဈေးဓမ္မာရုံ၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့်ရှုကြည့်ခြင်း တရားတော်မှ ကောက်နုတ်ရေးသားပါသည်။ }“ဆုတောင်းပတ္တနာ”ဓမ္မဒါန၊ ဤပုညကြောင့်၊ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊လျင်စွာရစေ၊ တောင်းဆုခြွေသည်၊မသွေပြည့်ဝပါစေသော်။ ။ဦးသိန်းဝေ။http://www.facebook.com/damanadi.tkhttp://www.facebook.com/damanady.tkhttp://www.damanady.tk/(ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။-------------------------------------------------------------ယခုခါမူ၊ လူလည်းဖြစ်လာ၊သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ဟောကြားမည့်သူ၊ လူလည်းမရှား၊သို့ပါလျက်သားနှင့်မူ.....တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။ ။(ဦးပုည)

ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သိဗုဒ္ဓဘာသာအချက်အချက်အလက်များ

ဗုဒ္ဓဘာသာဝင်တွေသိသင့်သည့်ဗုဒ္ဓဘာသာအချက်အလက်များ*********************************************သိသင့်တယ်ထင်လို့မျှဝေပေးတာပါနော်သူငယ်ချင်းတို့ရေသိပြီးသားလူတွေရှိသလိုမသိသေးတဲ့လူတွေလည်းရှိမယ်ထင်လို့ပါကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တော်တော်များများမသိတဲ့လူတွေများပါတယ်ကိုယ်ယုံကြည်သက်ဝင်ကိုးကွာ်တဲ့ဘာသာတရားရဲ့အချက်အလက်တွေကိုမသိသေးတာရှက်စရာကောင်းမယ်လို့ထင်ပါတယ် အမှန်တိုင်းပြောရရင်ကျွန်တော်လည်းအရင်ကပြည့်ပြည့်စုံစုံမသိပါဘူးခုမှသိတာပါကျွန်တော့်သူငယ်ချင်းတွေကိုလည်းသိစေချင်လို့မျှဝေပေးတာပါနော် ဆရာလုပ်တယ်လို့တော့မထင်စေချင်ပါဘူး။သူငယ်ချင်းတို့စိတ်ထဲအဲဒီလိုသဘောသက်ရောက်သွားတယ်ဆိုရင်လည်းaတာင်းပန်ပါတယ်လို့ပြောချင်ပါတယ်နော်.............ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ*******************************၁။ ကကုသန်မြတ်စွာဘုရား၂။ ကောဏဂုံမြတ်စွာဘုရား၃။ ကဿပမြတ်စွာဘုရား၎။ ဂေါတမမြတ်စွာဘုရား၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)သာသနာတော်သုံးရပ်****************၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်းရတနာသုံးပါး**********၁။ ဘုရား၂။ တရား၃။ သံဃာဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ**********************************************မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓနမြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာမြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသားမြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာမြတ်စွာဘုရား၏ သားတော် = ရာဟုလာမြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်သံဝေဇနိယ လေးဌာန*****************၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံသတ္တဌာန ခုနှစ်ပါး**************၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်ဘုရားဂုဏ်တော်ကိုးပါး******************၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်ပြည့်စုံတော်မူသောဂုဏ်။၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကိုယဉ်ကျေးအောင်ဆုံးမသောဂုဏ်။ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။တရားဂုဏ်တော် ခြောက်ပါး*********************၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကိုအောင်တတ်သောဂုဏ်။၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။၎။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။သံဃာ့ဂုဏ်တော် ကိုးပါး*****************၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကိုခံယူတော်မူထိုက်သောဂုဏ်။၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသောမြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာထိုက်တော်မူသောဂုဏ်။၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာလယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။အနှစ်သုံးပါး*********၁။ ဒါန၂။ သီလ၃။ ဘာဝနာပစ္စည်းလေးပါး************၁။ ဆွမ်း၂။ ဆေး၃။ သင်္ကန်း၎။ ကျောင်းဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး**********************၁။ ပကတိမျက်စိကြည်လင်ခြင်း၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်းဆွမ်းအကျိုး ငါးပါး**************၁။ အာယု = အသက်ရှည်ခြင်း၂။ ၀ဏ္ဏ = အဆင်းလှခြင်း၃။ သုခ = ချမ်းသာကြီးခြင်း၎။ ဗလ = ခွန်အားကြီးခြင်း၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်းပန်းလှူရသည့် အကျိုးသုံးပါး*******************၁။ ရုပ်ရည်လှပသည်။၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။၃။ ခံတွင်းအနံ မွှေးကြည်စေသည်။သီလရှိသူ ရနိုင်သောအကျိုး ငါးပါး************************၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။၃။ တင့်တင့်တယ်တယ်နေနိုင်သည်။၎။ မတွေမဝေဘဲသေရမည်။၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။တရားနာခြင်း၏ အကျိုး ငါးပါး*********************၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။မေတ္တာအကျိုး ၁၁ ပါး***************၁။ ချမ်းသာစွာအိပ်ရသည်။၂။ ချမ်းသာစွာနိုးရသည်။၃။ မကောင်းသောအိမ်မက်မမြင်၎။ လူနတ်ချစ်သနားသည်။၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။၆။ မီးမလောင်နိုင်၇။ ဓားလက်နက်မထိနိုင်၈။ အဆိပ်နှင့်မသေနိုင်၉။ မကောင်းသောစိတ်ပျောက်သည်။၁၀။ မျက်နှာအဆင်းလှသည်။၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။သည်းခံခြင်းအကျိုး ငါးမျိုး*******************၁။ လူအများချစ်ခြင်း။၂။ ရန်ငြိမ်းခြင်း။၃။ အပြစ်နည်းခြင်း။၎။ မတွေမဝေသေရခြင်း။၅။ သုဂတိဘ၀သို့လားရခြင်း။အပယ်လေးပါး************၁။ ငရဲ၂။ တိရိစ္ဆာန်၃။ ပြိတ္တာ၎။ အသူရကာယ်ကပ်သုံးပါး********၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်ရပ်ပြစ်ရှစ်ပါး**********၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တ၀ါ၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တ၀ါ၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု၇။ ၀ိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော်၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သောကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။ရန်သူမျိုး ငါးပါး***********၁။ ရေ၂။ မီး၃။ မင်းဆိုး၎။ သူခိုး၅။ မချစ်မနှစ်သက်သောသူဝိပတ္တိတရား လေးပါး***************၁။ သီလ၀ိပတ္တိ = သီလပျက်ခြင်း၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း၎။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်းဗျသနတရား ငါးပါး**************၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်းကိလေသာ သုံးပါး***************၁။ လောဘ၂။ ဒေါသ၃။ မောဟကာလ သုံးပါး**********၁။ အတိတ် = လွန်လေပြီးသောကာလ၂။ ပစ္စုပ္ပါန် = လက်ရှိကာလ၃။ အနာဂတ် = နောင်ကာလအဂတိတရား လေးပါး****************၁။ ဆန္ဒ၂။ ဒေါသ၃။ ဘယာ၎။ မောဟမျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး************************************၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း၃။ အက္ခဓုတ္တ = လောင်းကစားခြင်းသရဏဂုံပျက်ရသောအကြောင်း နှစ်ပါး****************************၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း၂။ သေဆုံးခြင်းကံသုံးပါး*******၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း၃။ မနောကံ = စိတ်ဖြင့်ပြုခြင်းအာရုံ ခြောက်ပါး ကာမဂုဏ်တရားများ***************************၁။ ရှုပါရုံ = အဆင်းအာရုံ၂။ သဒ္ဒါရုံ = အသံအာရုံ၃။ ဂန္ဓာရုံ = အနံအာရုံ၎။ ရသာရုံ = အရသာအာရုံ၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ၆။ ဓမ္မာရုံ = တရားသဘောအာရုံပိဋကတ် သုံးပုံ***********၁။ ၀ိနည်း၂။ သုတ္တန်၃။ အဘိဓမ္မာစေတနာ သုံးတန်*************၁။ ပုဗ္ဗ = ကြိုတင်စေတနာ၂။ မုဉ္စ = ပြုဆဲစေတနာ၃။ ပရ = ပြုပြီးစေတနာလောကပါလ တရားနှစ်ပါး ( လောကကို စောင့်ရှောက်သော တရား။ )**************************************************၁။ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊၂။ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊လောက သုံးပါး************၁။ သတ္တလောက = လူသတ္တ၀ါများ၏ လောက၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသောလောကဗြဟ္မစိုရ်တရား လေးပါး*****************၁။ မေတ္တာတရား၂။ ကရုဏာတရား၃။ မုဒိတာတရား၎။ ဥပက္ခာတရားသမ္ပတ္တိတရား လေးပါး*****************၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။၎။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)***********************************************၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု၎။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှုခန္ဓာ ငါးပါး********၁။ ရူပက္ခန္ဓာ၂။ ဝေဒနာက္ခန္ဓာ၃။ သညာက္ခန္ဓာ၎။ သင်္ခါရက္ခန္ဓာ၅။ ၀ိညာဏက္ခန္ဓာသစ္စာ လေးပါး***********၁။ ဒုက္ခသစ္စာ၂။ သမုဒယသစ္စာ၃။ နိရောဓသစ္စာ၎။ မဂ္ဂသစ္စာစေတီ လေးမျိုး***********၁။ ဓါတုစေတီ၂။ ဓမ္မစေတီ၃။ ဥဒ္ဓိဿစေတီ၎။ ပရိဘောဂစေတီဥပါယ်တံမျဉ် လေးမျိုး*****************၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျပြောဆိုစည်းရုံးခြင်းနည်းလမ်း။၎။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ..............မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဗုဒ္ဓစေတီတော်များအကြောင်းဆိုဒ်မှ ပြန်လည်မျှဝေသည်။

ကော့ဘိန်းသားလေး (ဝေဖြိုးအောင်): အခမဲ့ website တည်ထောင်လိုသူများအတွက်..FWD

ကော့ဘိန်းသားလေး (ဝေဖြိုးအောင်): အခမဲ့ website တည်ထောင်လိုသူများအတွက်..FWD: အခမဲ့website တည်ထောင်လိုသူများအတွက် သွားရောက်ပြုလုပ်နိုင်မယ့် လိပ်စာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။                         ကျွန်တော်အခုဖေ...

ကော့ဘိန်းသားလေး (ဝေဖြိုးအောင်): မိမိကြိုက်တဲ့ ဝက်ဆိုဒ်ကို Android Application အလွယ...

ကော့ဘိန်းသားလေး (ဝေဖြိုးအောင်): မိမိကြိုက်တဲ့ ဝက်ဆိုဒ်ကို Android Application အလွယ...: ပထမဦးဆုံး ဒီလင့်လေးကိုသွားလိုက်ပါ။ အောက်ကပုံလိုတွေ့ ပါလိမ့်မည်။ URL ဘေးကအကွက်မှာ မိမိပြောင်းချ...

သေချင်လောက်အောင်ထိဆိုးနေတဲ့ကံကိုပြုပြင်နည်း

သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။ အဲဒီကုသိုလ် ၅မျိုးကတော့... ၁။ ဒါန ၂။ သီလ ၃။ ဂုဏ်တော် ၄။ မေတ္တာ ၅။ ၀ိပဿနာ တို့ ဖြစ်ပါတယ်။ အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။ (က)ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။ (က)၁။ ဒါန ------------- ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။ (က)၂။ သီလ ------------------ ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။ (က)၃။ ဂုဏ်တော် --------------- တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။ အရဟံဂုဏ်တော်ကိုပဲ … အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊ အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား၊ လို့ ပွားများရပါတယ်။ အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။ ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။ (က)၄။ မေတ္တာ ------------------- စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။ မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။ (က)၅။ ၀ိပဿနာ ------------------ နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ၀ါဒအတိုင်း မှတ်ယူလို့ ရပါတယ်။ (မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ ) (ခ) ကုသိုလ်-၅မျိုး တစ်နေ့တာ ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။ (ခ)၁။ အိပ်ရာထ ---------------------- မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။ ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန) ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ) အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် ) မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ ) ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ ) အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။ (ခ)၂။ နေ့လည် --------------- အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။ ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။ (ခ)၃။ ညပိုင်း ----------------- တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။ (ဂ) နေ့စဉ်ပြုအပ်သည် ------------------------ ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။ ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။ ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။ ------------------------------------------------- ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။ ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။ (ဃ) ဒုက္ခကြံရင် သစ္စာဆို။ ----------------------------- ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။ ” ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..(င) သံသရာကပင် ကျွတ်နိုင်ရဲ့ ------------------------------------- ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။ ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် … ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

ကမ္ဘာ့ပညာရှင်များ၏ဗုဒ္ဓဘာသာအပေါ်အမြင်များး

ဗုဒ္ဓဘာသာသည် စည်းမျဉ်းဥပဒေဖြ**့နေရသောဘ၀မဟုတ် မူဝါဒဖြ**့နေထိုင်ရသောဘ၀ ဖစ်ဧ။်။အကျိုးဆက်အားဖြ**့သီးခံရေးဘာသာတရားဖြစ်ဧ။် ။ယင်းသည်နေမင်းကြီးအောက်ရှိ စိတ်ကောင်းစေတနာအရှိဆုံးစနစ်တစ်ခုဖြစ်ပါသည်။ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုးဇက်ဖိန်းဗုဒ္ဓဘာသာဝင်တစ်ဦးဦးသည် အခြားသူတစ်ဦးဦးဧ။်ကျေးကျွန်မဟုတ်၊ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာရေးအတွက်မိမိဧ။်လွတ်လွတ်လပ်လပ်တွေးခေါ်ဝေဖန်ပိုင်ခွင့်ကိုစွန့်လွတ်စရာမလိုအပ်ပါ။သူဧ။်လွတ်လပ်ခွင့်ကိုဆက်လက်ကျင့်သုံးနိုင်သည့်အပြင်သူကိုယ်တိုင် ဘုရားဆုပန်ပြီး ပညာပါရမီဆက်လက်တိုးတက်အောင်ဖြည့်ဆည်းရေးအတွက်ကိုသော်မှဗုဒ္ဓဘာသာကအားပေးထောက်ခံထားပါသည်။အကြောင်းမူ သမ္မာသံဗုဒ္ဓ၊ပေစ္စေကာဗုဒ္ဓ သုတဗုဒ္ဓ သမာဗုဒ္ဓ ဟူသော ဗုဒ္ဓလေးမျိုးတို့အနက်တမျိုးမျိုးသောဗုဒ္ဓ ဖြစ်နိုင်သည့်ပင်ကိုစွမ်းရည်များရှိနေသောကြောင့်ဖြစ်ဧ။်။ဗုဒ္ဓဘာသာဆိုတာဘာလဲဟူသောကျမ်းစာရှင်-မဟာယာနထေရဘန္ဒနာဒရ္ဓ္ဓ္ဓ္ဓဤအရာတွင်မြတ်ဗုဒ္ဓသည်ထာဝရတည်ရှိသောသစ္စာတရားတို့ဧ။်တန်ဘိုးကိုတိတိလင်းလင်းရှင်ပြတော်မူသည့်အပြင် အိန္ဒိယတစ်နိုင်ငံလုံးဧ။်ကိုယ်ကျင့်တရားကိုသာမဟုတ် လူသားတစ်ရပ်လုံးဧ။်ကိုယ်ကျင့်တရားကိုပါတိုးတက်မြင့်မားစေခဲ့သည်။မြတ်ဗုဒ္ဓသည်ကမ္ဘာလောကကြီးအားပေးအပ်ထားသည့် အကြီးမြတ်ဆုံးသောသူတော်စင်ပညာရှိလူ့ပဂေးကြီးတစ်ဦးဖြစ်ပါဘိဧ။်။အနောက်တိုင်းသားတွေးခေါ်ရှင်ဘတ်စ်ဆိတ်စာကမ္ဘာ့စိတ်ပိုင်းယဉ်ကျေးမှုနှင့်စစ်မှန်သောရုပ်ပိုင်းယဉ်ကျေးမှုတို့တိုးတက်ထွန်ကားရေးအတွက် လူ့သမိုင်းကြောင်းရှိအခြားသောသြဇာအာဏာထက်ဗုဒ္ဓဘာသာတရားတော်ကပို၍လုပ်ဆောင်ထားပြီးပါပြီ။ီ အိတ်ခ်ျဂျီဝဲလ်ခေတ်သစ်သိပ္ပံပညာဧ။်လိုအပ်ချက်များနှင့်ရင်ဆိုင်ယှဉ်ပြိုင်မည့်ဘာသာတစ်ခုရှိသည်ဆိုပါလျှင်ယင်းသည် ဗုဒ္ဓဘာသာပင်လျှင်ဖြစ်ရပါမည်။

Huweiအားလုံးအတုအစစ်စစ်ရန်

Huaweiအားလုံးအတုအစစ်ဟုတ်မဟုတ်Codeလေးနဲ့စစ်မယ်Huaweiအားလုံးအတုအစစ်ဟုတ်မဟုတ်Codeလေးနဲ့စစ်မယ်အခုHuaweiကိုင်ဆောင်ထားတဲ့သူတွေကိုယ့်ဖုနိးလေးကအတုလာအစစ်လားစမ်းသပ်ကြည့်ပေါ့။အခုကျွန်တော်ပြောပြတဲ့နည်းလေးကAndroid Versionမရွေးစစ်ဆေးနိုင်ပါတယ်။SIMCard ထည့်ထားရန်မလိုပါဘူး။အခုပဲစလိုက်ရအောင်ပထမဆုံးဖုနိးခေါ်တဲ့နေရာကိုဖွင့်ပြီး*#*#2846579#*#*ဆိုပြီးရိုက်လိုက်ပါ။[image][image]အထက်ပါအတိုင်းTestingထဲရောက် သွားပါလိမ့်မယ်။ထိုထဲမှProjectMenuကိုနှိပ်ပါ။ဒုတိယပုံမှာတော့Network settingsကိုပထမအကြိမ်စစ်ဖို့နှိပ်လိုက်ပါ။ Network Settingsကိုနှိပ်ပြီးရင် ထိုထဲမှOperator and country infroကိုနှိပ်ပါ။ OperatorမှာVodafoneဆိုပြီးတွေ့ပါလိမ့်မယ်။Country မှာgbတွေ့လျှင်Huaweiစစ်ပါတယ်။ ***မှတ်ချက်=ကျွန်တော်ကHuawei P1ကိုစမ်းသပ်ထားတာပါ အချို့ဖုန်းတွေမှာOperatorမှာChinatecomပါ။Countryမှာcnဆိုပြီးပေါ်နေပါတယ်[image]ဒုတိယအကြိမ်ကြိမ်းသေအောင်ထပ်စစ်ပါမယ်။ Backနဲ့ပြန်ဆုတ်ပြီးProjectMenuထိရောက်အောင်သွားပါ။Veer information queryကိုရွေးချယ်ပေးပါ။အောက်ကပုံအတိုင်းတွေ့ရပါမယ်[image]ထိုထဲမှOther queryကိုနှိပ်လိုက်ပါ။ နှိပ်ပြီးရင်MEIDနံပါတ်နဲ့ဖုန်းနောက်ကျောBatteryဖြုတ်ကြည့်မှတွေ့ရမည့်S/N Numberကိုတွေ့ရပါမယ်။မှတ်သားလိုက်ပြီးBattery ဖြုတ်ကာတိုက်စစ်ကြည့်ရပါမယ် မှားနေလျှင်ထိုဟာကHuaweiအတုပါ။ အားလုံးအဆင်ပြေပါစေ။ ရေနီသားလေးသက်သက

Sansungတွေကိုအတုအစစ်စစ်ဖို့

Samsungတွေကိုစစ်မစစ်Secret Codeနဲ့စမ်းသပ်ကြည့်ရအောင်ပထမဦးဆုံး*#0011#ကိုဖုန်းခေါ်တဲ့နေရာကနေရိုက်ခေါ်လိုက်ပါSIM Cardမရှိရင်လည်းလိုင်းမိအားကိုပြသနိုင်ပါတယ်အောက်ကပထမပုံအတိုင်းတွေ့ရပါလိမ့်မယ်အတုတွေမှာမပြနိုင်ပါဘူးClone တစ်ခုကတော့SIM Cardရှိနေလျှင်ပြပြီး မရှိလျှင်မပြနိုင်တာကိုပါတွေ့ရပါတယ်**[image]ဒုတိယစစ်ဆေးချက်လေးကတော့ *#0*#ပဲဖြစ်ပါတယ်။ဒုတိယပုံအတိုင်းတွေ့ရပါလိမ့်မယ်။Testလုပ်ဖို့တွေဖြစ်ပါတယ် လောလောဆယ်တော့Cloneဖုန်းအားလုံး ထိုစနစ်မပါရှိပါဘူး။ ဒါပေမဲ့နောက်ပိုင်းမှာထည့်လာနိုင်ပါတယ်။ ထည့်တာကအနည်းငယ်လွယ်ပါလိမ့်မယ်။ တစိခုလေ့လာမိသည်မှာထိုအထဲမှ Receiver(White)ဆိုတာကိုတော့တုပရန် Codeရေးဖို့မဖြစ်နိုင်ပါ။ မူရင်းICပေါ်မှာမူတည်ပြီးထည့်သွင်းထား တာကြောင့်ပါ။ Receiver(white)ကိုနှိပ်ကြည့်ပါ။ အသံမြည်ပါတယ်[image]

ထေရဝါဒအနှစ်သာရ

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် (၀ိဘစ္ဆ)ဝေဘန်ပိုင်းခြားသောဝါဒ ရှိပါသည်။မြတ်စွာဘုရားသည်ဘုရားဖြစ်ပြီးမိဂါဒ၀ုန်သို့ကြွတော်မူသည်။မိဂါဝုန်တောသို့ကြွတော်မူရာ လမ်းလရီးဗောဓိပင်နှင့်ဂယာသီသအငြားတွင်(ဥပက)တက္ကဒွန်းကြီးနှင့်တွေ့သည်။ဥပကတက္ကဒွန်ကြီးက မြတ်စွာဘုရားအား..ငါ့ရှင်သင်၏ဣိနြေ္ဒများသည်ကြည်ညိုဖွယ်ရှိလေူစွ သင်၏အရေအဆင်းသည်ဝင်းဝါထိန်ပြောင်၍အရောင်ထွန်းလင်းလေစွ၊သင်၏ဆရာကားအဘယ်ပုဂ္ဂိုလ်နည်း၊သင်`၏အမည်ကားအဘယ်နည်း ။ထိုအခါ မြတ်စွာဘုရားသခင်က…အိုဥပက ငါသည်ကားကိလေသာရန်ခပင်းကိုရှင်းလင်းသုတ်သင်၍ တရားအလုံးစုံကိုသိမြင်ကာ ဘုရားဖြစ်တော်မူ`၏။လောကသုံးပါး၌ငါနှင့်ပြိုင်ဘက်ဟူ၍တစ်ယောက်မျှမရှိ ငါ`၏ဆရာအဘယ်မှာရှိအံ့နည်း။ငါ`၏အမည်ကားမာန်ငါးပါးကိုအောင်မြင်တော်မူသဖြ**့အနန္တဇိနမည်`၏။အိုဥပက ငါသည်ကားရှေးရှေးနောင်တော်တို့ဓမ္မတာအတိုင်း ဓမ္မစင်္ကြာ တည်းဟူသောတရားကိုဟောကြားရန်မိဂါဒ၀ုန်သို့ကြွတော်မူမည်ဟုမိန့်တော်မူ`၏။ဥပကသည်ဘုရားရှင်ကိုဖယ်ခွါ၍၀င်္ဂဇနပုတ်သို့ထွက်သွားလေသည်။ဥပကကြီးမှာ မုဆိုး`၏သမီးမဆာပါနှင့်အကြောင်းဆုံပြီးသုဘဒ္ဒ၏ဖခင်ဖြူစ်လေသည်။နောင်အခါမြတ်စွာဘုရားထံတွင်အနာဂါမါဖြစ်ပြီး သူ၏သားသုဘဒ္ဒသည်မြတ်စွာဘုရားပရိနိဗာန်ပြုကာနီးမှာမြတ်စွာဘုရား၏တရားကိုနာရပြီးနောက်ဆုံးရဟန္တာဖြစ်ခဲ့ပါသည်။မြတ်စွာဘုရားသည်ပဉ္စ၀ဂ္ဂီငါးဦးအားဓမ္မစင်္ကြာတရားဦးကိုမဟာသက္ကရာဇ်(၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့တွင်ဟောကြားခဲ့ပါသည်။အရှင်ကောဏ္ဍင်ည မှပထမဆုံးသောတာပန်တည်သည်။ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင်အရှင်ဝပ္ပ၊လပြည့်ကျော်နှစ်ရက်နေ့တွင်အရှင်ဘဒ္ဒိယ ၊လပြည့်ကျော်သုံးရက်နေ့တွင် အရှင်မဟာနမ်၊လေးရက်နေတွင်အရှင်အဿဇိ မထေတို့သည်အစဉ်အတိုင်းသောတာပတ္တိဖိုလ်တည်ပြီဧဟိဘိက္ခု ရဟန်းအဖြစ်ကိုရောက်ရှိခဲ့ပါသည်။မြတ်စွာဘုရားရှင်သည် သရဏဂုံကိုရွတ်ဆိုစေပြီးရဟန်အဖြစ်ကိုရောက်ရှိခဲ့ပါသည်။မြတ်စွာဘုရားရှင်လက်ထက်ကသရဏဂုံဆောက်တည်ခြင်းသည် မဂ်ဖိုလ်ရဲ့အခြေခံဖြစ်ပါ၏။သာသနာပ ကာလ၌သမာပါတ်ရှစ်တန်ရသော်လည်း ၀ဋ်ဆင်းရဲ၏အခြေခံဖြစ်၏အနတ္တလက္ခဏာမထင်ပါ။ထို့ကြောင့်သရဏဂုံသည်ထေရ၀ါဒ၏ပထမအနှစ်သာရဖြစ်ပါ၏။သီလသိက္ခာ၊သမာဓိသိက္ခာ၊ပညာသိက္ခာ စသောသက္ခာသုံးပါးသည်ထေရ၀ါဒ၏ဒုတိယ အနှစ်သာရဖြစ်ပါ၏။သာသနာတွင်းရောက်သောအခါ သိက္ခာသုံးပါးကိုထေရ၀ါဒီ ရှင် လူ ရဟန်းတို့ကျင့်သုံးရန်ဖြူစ်ပါ၏။ထေရ၀ါဒီ ရှင်လူ ရဟန်းတို့သည်သီလနှင့် ကာမဂုဏ်ဟူသောူစည်ူးစိမ် ၊ရာထူး အာဏာတို့နှင့်ယှဉ်လာလျှင်သီလကိုအပျက်မခံပါ။ထို့ကြောင့်ဆရာတော်အရှင်သေဌိလက (thila is A 'B'C of buddshim.)ဟုပြောခဲ့ပါတယ်။ပဋိယတ္တိ ၊ ပဋိပါတ္တိ၊ ပဋိဝေဒ ဟူသောသာသနာသုံးရပ်ဖြ**့လည်းခိုင်မြဲပါသည်။ ပဋိယတ္တိသည် ရေကန်ကြီး၏ဘောင်နှင့်တူပြီး ၊ ပဋိပတ္တိသည် ကန်အတွင်းမှရေနှင့်တူပါ၏၊ ပဋိဝေဒသည်ကြာနှင့်တူပါ၏၊ရေကန်သည်ကြည်လင်အေးမြသောနှင့်အတူကြာလည်းရှိမှတင့်တယ်သလို သာသနာတော်ကြီးသည်လည်း ပဋိယတ္တိ၊ ပဋိပတ္တိပဋိဝေဒ ဟူသောသာသနာသုံးရပ်ဖြ**့ပြည့်စုံပါသည်။ဝိနည်းပိဋက၊သုတ္တံ ပိဋက ၊အဘိဓမ္မာ ပိဋက ၊သုံးပုံတွင်မြတ်စွာဘုရားရှင်ဟောကြားခဲ့သောတရားတော်ဓမ္မခန္ဒာပေါင်း(၈၄၀၀၀)ရှိပါတယ်။ဝိနည်းပိဋကတွင် (၂၁၀၀၀)စ သုတ္တံပိဋကတွင်(၂၁၀၀၀) အဘိဓမ္မာပိဋကတွင်(၄၂၀၀၀)ဖြစ်ပါ၏။ ပဋိယတ္တိသည်သာသနာ၏အသက်ဖြစ်သည်၊ပဋိပတ္တိ၏အကြောင်းဖြစ်ပါ၏။ပဋိပတ္တိသည်ပဋိဝေဒ၏အကြောင်းဖြစ်ပါ၏။လူ့လောကကြီးတွင်ကိယ်ကျင့်တရားတေါဆုတ်ယုတ်လာရင် အသက်တွေတိုလာမည်၊စည်းစိမ်ဥစ္စာတွေဆုတ်ယုတ်လာတတ်ပါသည်၊ပညာတတ်တွေနည်းလာပါမည်။အာဏာဒေသနာဖြစ်သော ၀ိနည်း ပိဋကတ်တွေကိုသင်ယူနေသော အရှင်မြတ်တွေသည် သီလတွေကိုသင်ယူကျင့်သုံးနေသောကြောင့် ၀ိဇ္ဇာသုံးပါးရနိုင်ပါသည်။ ဝေါဟာရဒေသနာဖြစ်သော သုတ္တံ ပိဋကတ်ကိုသင်ယူနေသောအရှင်မြတ်တွေသည် သမာဓိတွေကိုသင်ယူနေသောကြောင့် အဘိဥာဏ်ခြောက်ပါးရနိုင်ပါ၏။ ပရမတ္ထဒေသနာဖြစ်သော အဘိဓမ္မာ ပိဋကတ်ကိုသင်ယူသောအရျင်မြတ်တွေသည် ပညာတွေကိုသင်ယူနေကျင့်သုံးနေသောကြောင့် ပဋိသမ္ဘိဒါပတ္တာ ရနိုင်ပါ၏။မြတ်စွာဘုရားရှင်၏သားတော်များဖြစ်သော ရဟန်သံဃာများသည် သာသနာ၏ပြင်ပမှ ချဲပေး၊ဓါတ်ပေး ဗေဒင်ဟော အဆောင်ပေး ခြင်းတို့သည် ထေရ၀ါဒ ၀ိနည်းတော်နှင့်မကိုက်ညီသော အလုပ်တွေကိုလုပ်နေကြမည်ဆိုလျှင် သာသနာကွယ်ကြောင်း ဖြစ်ပါလိမ့်မည်။ထေရ၀ါဒသည် ဒုက္ခသစ္စာ (ဆင်းရဲကြောင်းအမှန်) ၊သမုဒယသစ္စာ (ဒုက္ခသစ္စာ ဖြစ်ကြောင်း)၊နိရောဓသစ္စာ(ဒုက္ခချုပ်ရာ)၊မဂ္ဂသစ္စာ (နိဗာန်ရောက်ကြောင်းအမှန်)ဟူသောသစ္စာလေးရပ်ဖြ**့လည်းခိုင်မြဲတော်မူသည်။လောက၌ရှိသမျှ သတ္တ၀ါအားလုံးတို့သည် ဒုက္ခသစ္စာဖြ**့သာကျင်လည်ကြရပါ၏။သဗ္ဗေအလုံးစုံသောသင်္ခါရတရားတို့သည် အနတ္တ အစိုးမရခြင်း၊ ဒုက္ခဆင်းရဲခြင်း၊ အနိစ္စ မမြဲခြင်း သဘောရှိကြပါကုန်၏ဟု ပညာဖြ**့မြင်အောင် ရှုထိုက်ပါပေ၏။သဗ္ဗေသင်္ခါရတရားတရားတို့သည် အစိုးမရအနှစ်အသားမရှိ သုံးဆိတ်တဲ့ အနတ္တသဘောရှိကြပါ၏။ ဒုက္ခသစ္စာတရားတို့သည် သမုဒယသစ္စာဆိုသောအကြောင်းတရားကြောင့်ဖြစ်ကြရပါကုန်၏။ဝေဒနာသည်ကောင်းတာကိုလည်းခံစားပါ၏။ဆိုးတာကိုလည်းခံစားပါ၏။ထို့ကြောင့် ဝေဒနာသည်ဒုက္ခနှင့်လည်းယှဉ်၍ဖြစ်၏။ဥပါဒါန်နှင့်လည်းယှဉ်၍ဖြစ်၏။အတိတ်ကဖြစ်ခဲ့သမျှကိုလည်းဥပါဒါန်ဖြ**့စွဲ၍ အတိတ်ဓမ္မာရုံဥပါဒါနက္ခန္ဓ္ဓာဖြစ်ကြပါ၏။အနာဂါတ်ကိုလည်းကြိုတင်ခံစားပြီးအနာဂါတ်ဓမ္မာရုံဥပါဒါနက္ခန္ဓ္ဓာဖြစ်ကြပါ၏။သဘာဝတရားတွေရဲ့အပေါ်မှာ အနတ္တအမြင်မှန်(အတ္တကင်းအောင်ကြည့်ခြင်း)ရှိရင် သုညတ၀ိပသနာမည်၏။သုညတမဂ်ဆိုက်၍ သုညတ နိဗာန်ဝင်ပါသည်။ထေရ၀ါဒဗုဒ္ဓ္ဓဘာ၏နောက်ဆုံးပန်းတိုင်သည်ဒုက္ခကင်းရာ၊သမုဒယကင်းရာနိဗာန်ဖြစ်ပါ၏။မြတ်စွာဘုရားက ဒီတရားကတော့သိရုံသာသိရမည့်တရား၊ဒီတရားကတော့ပါယ်ရမည်တရား၊ဒီတရားကတော့ပွါးရမည့်တရား၊ဟု ဝေဘန်ပိုင်းခြားဟောပြခဲ့ပါသည်။မြတ်စါာဘုရားရှင်တို့သည် အကျိုးတရား၌မကျင့်သုံးကြပါကုန်၊အကြောင်းတရား၌သာကျင့်သုံးကြပါကုန်၏။အကျိုးတရားကိုကျင့်ရင်ေ***နဲ့တူပြီး အကြောင်းတရား၌ကျင့်ရင် ခြင်္သေ့နဲ့တူတယ်လို့ဟောခဲ့ပါတယ်။ခွေသည်ခဲနှင့်ပေါက်လျှင်ခဲနောက်လိုက်ပြီး ခြင်္သေ့ကိုမျှားဖြ**့ပစ်လျှင်မျှာပစ်သူကိုလိုက်ပါတယ်။ထေရ၀ါဒသည်ဧကံသ ၀ါဒ မဟုတ်ပါ။ဝေဖန်ပိုင်းခြားသောဝါဒရှိပါ၏။ငါသည်သာသနာအတွက်ဖြစ်ပြီး သာသနာသည်ငါ့အတွက်မဖြစ်စေသင့်ပါ။သာသနာသည်ခိုနားရာဖြစ်ပြီးမှီစားရာမဖြစ်စေသင့်ပါ။ထေရ၀ါဒဗုဒ္ဓ္ဓ သာသနာကိုသန့်ရှင်းတည်တံ့စေရန် သင်္ဂါယနာ ခြောက်ကြိမ်တင်ခဲ့ကြပါသည်။ဘုရားရှင်ပရိနိဗာန်ပြုပြီး နောက် ဘုရားရှင်ဟောကြားခဲ့သောတရားတော်များကိုမပျက်စီးမပျောက်ပျက်ရအောင်ရဟန္တာမထေမြတ်များ ၊ ရဟန်းတော်များစုပေါင်းပြီး စစ်မှန်သောဗုဒ္ဓ္ဓဓမ္မကို သန့်ရှင်တည်တံ့ပြန့်ပွါးစေရန်အတွက်သံဃာအများ၏သဘောတူညီမှုရယူကာ နှုတ်ဖြ**့ရွတ်ဆို မှတ်တမ်းတင်အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်းဟုခေါ်ပါသည်။မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး (၃)လနှင့်(၄)ရက်အကြာတွင် ရာဇဂြိုလ်ပြည် ဝေဘာရတောင်သတ္တပဏ္ဍိလှိုင်ဂူ၌ BC 543 တွင်ပထမအကြိမ်သင်္ဂါယနာတင်ခဲ့ကြပါသည်။ရာဇဂြိုလ်ပြည် အဇာတသတ်မင်းလက်ထက်တွင်သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီးရှင်မဟာကဿဖ၊ရှင်အာနန္ဒာတို့ဦးဆောင်ပြီးသင်္ဂါယနာတင်ခဲ့ပါသည်။အရှင်ဥပါဠိမှဝိနည်းကို ၄င်း၊အရှင်အာနန္ဒာမှသုတ္တံနှင့်အဘိဓမ္မာကို၎င်းသံဃာ့အစည်းအဝေးသို့တရားတော်များကိုစုဆောင်းတင်သွင်းခဲ့ကြပါသည်။ဝိနည်းပိဋကတ်တွင် ဓမ္မခန္ဒာပေါင်း(၂၁၀၀၀) သုတ္တံပိဋကတ်တွငဓမ္မခန္ဒာပေါင်း(၂၁၀၀၀)အဘိဓမ္မာပိဋကတ်တွင်ဓမ္မခန္ဒာပေါင်း(၄၂၀၀၀) ကိုထည့်သွင်းကာသဘောတူဆုံးဖြတ်ခဲ့ကြပါသည်။သာသနာနှစ်(၁၀၀)ကြာပြီးနောက်BC 443 တွင် ဒေ၀ဒတ်၏တပည့်များဖြစ်သောဝဇ္ဇ္ဇီတိုင်းသားရဟန်းများမှအဓမ္မ၀တ္ထု (၁၀)ပါးကိုတောင်းဆိုခဲ့ကြပါသည်။ ဥပမာ နေလက်တစ်သစ်လွဲသည်အထိ ထမင်းစားရန်၊သေနု(အရက်ခပ်ပျော့ပျော့)ကိုသောက်ရန်၎င်း၊ရွှေငွေများကိုသာမန်လူပုဂ္ဂိုလ်များကဲ့သို့ ကိုင်တွယ်အသုံးပြုရန်၎င်းစသည်ဖြ**့တောင်းဆိုခဲ့ကြသည်။ထေရ၀ါဒသာသနာတော်အားပြုပြင်ပြောင်းလဲရေးလုပ်လာသဖြ**့သာသနာညှိုးနွမ်းလာသည်ကိုအကြောင်ပြုပြီးဒုတိယအကြိမ်သင်္ဂါယနာတင်ခဲ့ကြပါသည်။ဝေသာလီပြည်ကာလာသောကမင်းလက်ထက် ၀ါဠုကာရာမကျောင်းတွင် အရှင်ယဿမထေဦးဆောင်ရ်ျ အရှင်ရေ၀တ၊ အရှင်သဗ္ဗ္ဗကာမိ နှင့်ရဟန္တာပေါင်း(၇၀၀)ဖြ**့(၈)လကြာသင်္ဂါယနာတင်ခဲ့ရာ ရဟန်းပျက်ပေါင်း(၁၀၀၀၀)သောင်းကျော်အားနှင်ထုတ်ခဲ့ကြပါသည်။သာသနာညှိုးနွမ်းလာသောအန္တရာယ်ကိုကာကွယ်ရန်သံဃာထု၊ မင်းထု၊ပြည်သူလူထု၊ ထုသုံးထုပူးပေါင်း၍ထိန်းသိမ်းစောင့်ရှောက်လာခဲ့ခြင်းဖြစ်ပါသည်။သာသနာနှစ်(၂၃၅)နှစကြာပြီးနောက် BC 309 တွင်ပါဋလိပုဒ်ပြည်၌ မိစ္ဆာအယူရှိသော ရဟန်းအတု(၆၀၀၀၀) ကျော်အထိသာသနာအတွင်းအယောင်ဆောင်ပြီးဝင်ရောက်လာကြသည်ကိုအကြောင်းပြုပြီးအသောကာရုံကျောင်း၌အရှင်မောဂ္ဂလိပုတ္တတိဿမထေဦးဆောင်ပြီး အသောကမင်းလက်ထက်တွင်တတိယအကြိမ်သင်္ဂါယနာတင်ခဲ့ကြပါသည်။သီရိဓမ္မာသောကမင်းကြီူးကိုယ်တိုင် ဗုဒ္ဗ္ဓ္ဓမြတ်စွာ၏အယူဝါဒကို သေချာလေ့လာသင်ယူပြီးရဟန်းအတုနှင့်အစစ်ကိုမေးမြန်းစီစစ်၍ ရဟန္တာပေါင်း(၁၀၀၀)ဖြ**့ သင်္ဂါယနာတင်ခဲ့ရာ (၉)လကြာမြင့်ခဲ့ပါသည်။အယောင်ဆောင်ဝင်လာသောရဟန်းအတုများကိုစီစစိပြီ လူဝတ်လဲစေခြင်း၊သာသနာတော်မှနှင်ထုတ်ခဲ့ခြင်းဖြ**့ သာသနာတော်ညှိုးနွမ်းနေမှုကိုပြန်လည်ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။သီရိဓမ္မာသောကမင်းကြီးသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာနသို့သာသနာပြုစေလွှတ်၍ အကြီးမားဆုံးသောသာသနာပြုလုပ်ငန်းကို ကမ္ဘာအနှံ့ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ငါးပုံလေးပုံသည် ဗုဒ္ဗ္ဓ္ဓမြတ်စွာသာသနာတော်လွှမ်းမိုးခဲ့ပါသည်။မြန်မာနိုင်ငံသို့သာသနာပြုအဖွဲ့ရောက်ရှလာခြင်းသည်သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့မှ အရှင်သောဏနှင့် အရှင်ဥတ္တရမထေတို့ဦးဆောင်သောရဟန္တာ(၅)ပါးအဖွဲ့သည်သထုံဖက်မှဝင်ရောက်သာသနာပြုရာမှအစပြုပြီး ရောက်ရှိာလခြင်းဖြစ်ပါသည်။သာသနာနှစ်(၄၅၀)အကြာ BC 63 တွင်သီဟိုဠ်နိုင်ငံ သို့သာသနာကူးပြောင်းခဲ့ရာတွင်အငတ်ဘေးနှင့်သူပုန်ဘေးကြီး(၁၂)နှစ်ကြာကျရောက်ခဲ့သဖြ**့ သံဃာအစစ်များဒုက္ခရောက်ခဲ့သည်ကအကြောင်းပြု၍ စတုတ္ထသင်္ဂါယနာတင်ခဲ့ကြပါသ်ည်။သီဟိုဠ်နိုင်ငံ မလယဇနပုဒ်၌ အလောက လှိုင်ဂူတွင် အရှမဟာဓမ္မရက္ခိတမထေဦးဆောင်၍ ရဟန္တာ(၅၀၀)ဖြ**့၊၀ဏ္ဏဂါမဏိမင်းလက်ထက်တွင် တင်ခဲ့ခြင်းဖြစ်ပါ၏။သီရိဓမ္မာသောကမင်း၏သားတော်ရဟန္တာ မဟိန္ဒ နှင့်သမီးတာ် ရဟန္တာမိတ္တာထေရီတို့ ပြုခဲ့သောသနာသည် သီဟိုဠ်တွင်ထွန်းကားခဲ့ရာမှအငတ်ဘေးနှင့်သူပုန်ဘေးများ(၁၂)နှစ်ကြာပေါ်ပေါက်ခဲ့သဖြ**့ ဒါယကာ ဒါယိကာမ များမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြ**့ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။အချို့သောသံဃာအစစ်တို့သည် ဘုရားရှင်၏ဓမ္မများ မပျောက်ပျက်ရလေအောင်နှုတ်ဖြ**့ရွတ်ဆိုရင်းသဲသောင်ပေါ်တွင်ဗိုက်ပေါ်သဲများတင်ပြီးမမေ့မလျှော့အောင် ရွတ်ဖတ်ထိန်းသိမ်းနေကြသည်။တချို့သံဃာတို့တွင်လည်းလွန်စွာချို့တဲ့လာသဖြ**့နိဝရဏတရားများလွှမ်းမိုးလာကြသည်။သူပုန်ဘေး(၁၂)နှစ်ပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြ**့ အရှင်မဟာဓမ္မရက္ခိတဦးဆောင်းသော ရဟန္တာ(၅၀၀)တို့ပါဝင်သော သံဃာထု ၊ အထောက်အပံ့ပြုကြသောဝဏ္ဏဂါမဏိမင်း၏ မင်းထုသာသနာဝင်များပါဝင်သောပြည်သူလူထု၊ ထုသုံးထုပူးပေါင်းဆောင်ရွက်ကြသည်။ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင်နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွားနိုင်သည်ကို သိလာသဖြ**့ မှတ်တမ်းအဖြစ်ပေရွက်ပေါ်ရေးတင်ပြီးပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ်ကြာမြင့်ခဲ့ပါသည်။သာသနာနှစ်(၂၄၁၅)ကြာပြီးနောက် AD 1871 ခုနှစ်မင်းတုန်းမင်းလက်ထက် မြန်မာနိုင်ငံ မန္တးလေးမြို့ရတနာပုံနေပြည်တော်တွင်ဆရာတော်အရှင်ဇာဂရ မထေဦးဆောင်ပြီး ရဟန်းပေါင်း(၂၄၀၀)နှင့်နှုတ်ဖြ**့ရွတ်ဆို၍ ပဉ္စမသင်္ဂါယနာတင်ခဲ့ပါသည်။ပေရွက်ပေါ်တွင်တင်ထားသောပိကျပဋကတ်သုံးပုံတို့သည် ရာသီဥတုနှင့်ပိုးမွှားများအန္တရာယ်တို့ကြောင့်ပျက်စီးလာခဲ့ခြင်းနှင့်အချို့မူကွဲများဖြစ်ပ်ါလာခြင်းတို့ကြောင့် အရှင်ဇာဂရဦးဆောင် ၍ရတနာပုံ နေပြည်တော်တွင် သင်္ဂါယနာတင်ခဲ့ရာ (၅)လနှင့် (၃)ရက်ကြာမြင့်ခဲ့ပါသည်။ပြီနောက် ပိဋကတ်တော်များကို ကမ္ဘာတည်သ၍ကြာရှည်မပျက်စိးရအောင် စကျင်ကျောက်ပြားပေါ်တွင် ထွင်ထုရေးသားခဲ့ရာ စကျင်ကျောက်ပြားအချပ်ပေါင်း (၇၂၉)ချပ် ရရှိခဲ့ပြီး အချိန်အားဖြ**့ (၇)နှစ်(၆)လကြာမြင့်ခဲ့ပါသည်။မန္တးလေးမြို့လောကမာရဇိန်ဘုရားဝင်းအတွင်း၌ (World Biggest Book )ဟူသောအမည်ဖြ**့ကမ္ဘာတွင် မြန်မာနိုင်ငံ၏ဂုဏ်ဆောင်မှတ်တိုင်ကြီးအဖြစ်လွန်စွာထင်ရှားခဲ့ပါသည်။သာသနာနှစ်(၂၄၉၈) AD-1954 ခုနှစ်ဖဆပလ ဦးနု အစိုးရလက်ထက်တွင်ညောင်ရန်းဆရာတော်အရှင်ရေ၀တ ၊မဟာစည်ဆရာတော်၊အရှင်သောဘဏ ၊မင်းကွန်းဆရာတော်အရှင်ဦးဝိစိတ္တသာရာဘိဝံသတို့ဦးဆောင် ၍ထေရ၀ါဒ(၅)နိုင်ငံမှဆရာတော်များစသည့် ရဟန်းပေါင်း(၂၅၀၀)ဖြ**့ဆဌမသင်္ဂါယနာတင်ခဲ့ပါသည်။ဗုဒ္ဓ္ဓဘာသာအထွန်းကားဆုံး ဖြစ်သောမြန်မာနိုင်ငံသည်သူ့ကျွန်ဘ၀ နှစ်ပေါင်း(၁၀၀)ခန့်ကြာမြင့်ခဲ့ပြီးသာသနာတော်လွန်စွာညှိုးနွမ်းလာခဲ့သည်။လွတ်လပ်ရေးရပြီးနောက် သာသနာနှစ်(၂၄၉၈)တွင်မြန်မာနိုင်ငံရန်ကုန်မြို့ ကမ္ဘာအေးကုန်မြေ မဟာပါသနလှိုဏ်ဂူတွင် ဆဌမအကြိမ်သင်္ဂါယနာတင်ပြီးသာသနာကိုစောင့်ရှောက်ခဲ့ကြပါသည်။ညောင်ရန်းဆရာတော်၊မဟာစည်ဆရာတော်၊မင်းကွန်းဆရာတော်များဦးဆောင်သော ရဟန်းပေါင်း(၂၅၀၀)တွင်မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီယား၊သီရိလင်္ကာ စသော နိုင်ငံ(၅)နိုင်ငံမှရဟန်းတော်များပါဝင်သောသံဃာထု၊အစိုးရဦးဆောင်သော မင်းထု၊သာသနာဝင်ပြည်သူလူထုစသော ထုသုံးထု ပူးပေါင်းဆောင်ရွက်ပြီး၊ယခင်ပိဋကတ်တော်များကိုကျောက်ပြားပေါ်ဖတ်နေရာမှ အလွယ်တကူဖတ်မှတ်လေ့လာနိုင်ရန်စာအုပ်များပေါ်တွင်ကူးပြောင်းပုံနှိပ်ပြီးဆဌသင်္ဂါယနာတင်ခဲ့ာကပါသည်။ယခင်က အနောက်ဥရောပနိုင်ငံများမှပညာရှင်များက ဗုဒ္ဓ္ဓဘာသာရဟန်းတော်တွေ ဒီလောက်များသော ပိဋကတ်စာပေများကို အလွတ်ရွတ်ဆို လက်ဆင့်ကမ်းခဲ့တယ်ဆိုတာ ကြွားသည်ဟုထင်ခဲ့ကြပါသည်။ဆဌသင်္ဂါယနာတင်ပွဲတွင်လာရောက်လေ့လာပြီးမှ မင်းကွန်းဆရာတော်ဦ၀ိစတ္တသာရာဘိဝံသ၏ကျေးဇူးကြောင့် ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆို လက်ဆင့်ကမ်းခဲ့သည်ကိုယုံကြည်သွားကြပြီး(World G*****ssRecod)တွင်ပထမဆုံမှတ်တမ်းတင်ခဲ့ကြပါသည်။ဗုဒ္ဓ္ဓဘာသာ၏သမိုင်းမှတ်တိုင်မဟုတ်ပါလား။ဓမ္မစေတီဆရာတော်ဦးကောသလ္လ ၏တရားနာကြားပြီးပြန်လည်မျှဝေခြင်းဖြစ်ပါသည်.။