နွေအလှတွေကို မေ့လျော့လွမ်းတေးတွေတကျော့ပြီးတကျော့ သီဆိုရင့်ကျူးချစ်ဦးရှာဖွေ ဥသြတေလေလေးတောင်သံစုံချစ်တေး ကဗျာဟစ်ကြွေးလို့ ကြင်ဖေါ်လေးနဲ့ ပြုံးပျော်ယှဉ်တွဲလောကကို အလှဆင် ဖြည့်စွက်နေကြပြီဘဲ ...။ ။ရာသီတွေကုန် နှစ်ကူးသွားလည်းမင်းလေးကပျံသန်းခြင်း အားကောင်းနေဆဲငှက်ခါးအသည်းနဲ့  မိခရေဖြူ ...။ ။မင်းအပျင်းပြေစေဖို့ ကိုယ့်ဘဝ အသဲနွမ်းကြွေခံ ဆက်သရတာဝဋ်ကြမ္မာလားရင်မှာလွယ်ပိုးထားပါ့မယ် ချစ်သူ ...။ ။ကိုယ့်မနက်ခင်းတွေကငှက်သီချင်းတွေနဲ့ သာယာနာပျော်ဖွယ်ကိုယ့်ဘေးနား မင်းမှမရှိလေတော့မနက်ခင်းက မှောင်ငှက်သီချင်းတွေက သံစဉ်ကြောင်တေးသွား ...။ ။အသစ်လို့  ပြောမဆုံးရခင်ဟောင်းလိုက်ရတဲ့ အဖြစ်ပြောင်းလဲချက် ရွေ့ လျှားခြင်းအောက်မင်းလေးတယောက်ရောက်ရာဘဝကအတောင်ပံတွေ ရင်ဘတ်နဲ့ ထိမ်းညှိအသိုက်မှန်ရှိရာ ပြန်ခဲ့ပါတော့မင်းလေးအတွက် သော့မဲ့ရင်ခွင်ကိုယ့်ရင်ခွင်ဆီ........။
No comments:
Post a Comment