Sunday, December 29, 2013

ထေရဝါဒအနှစ်သာရ

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် (၀ိဘစ္ဆ)ဝေဘန်ပိုင်းခြားသောဝါဒ ရှိပါသည်။မြတ်စွာဘုရားသည်ဘုရားဖြစ်ပြီးမိဂါဒ၀ုန်သို့ကြွတော်မူသည်။မိဂါဝုန်တောသို့ကြွတော်မူရာ လမ်းလရီးဗောဓိပင်နှင့်ဂယာသီသအငြားတွင်(ဥပက)တက္ကဒွန်းကြီးနှင့်တွေ့သည်။ဥပကတက္ကဒွန်ကြီးက မြတ်စွာဘုရားအား..ငါ့ရှင်သင်၏ဣိနြေ္ဒများသည်ကြည်ညိုဖွယ်ရှိလေူစွ သင်၏အရေအဆင်းသည်ဝင်းဝါထိန်ပြောင်၍အရောင်ထွန်းလင်းလေစွ၊သင်၏ဆရာကားအဘယ်ပုဂ္ဂိုလ်နည်း၊သင်`၏အမည်ကားအဘယ်နည်း ။ထိုအခါ မြတ်စွာဘုရားသခင်က…အိုဥပက ငါသည်ကားကိလေသာရန်ခပင်းကိုရှင်းလင်းသုတ်သင်၍ တရားအလုံးစုံကိုသိမြင်ကာ ဘုရားဖြစ်တော်မူ`၏။လောကသုံးပါး၌ငါနှင့်ပြိုင်ဘက်ဟူ၍တစ်ယောက်မျှမရှိ ငါ`၏ဆရာအဘယ်မှာရှိအံ့နည်း။ငါ`၏အမည်ကားမာန်ငါးပါးကိုအောင်မြင်တော်မူသဖြ**့အနန္တဇိနမည်`၏။အိုဥပက ငါသည်ကားရှေးရှေးနောင်တော်တို့ဓမ္မတာအတိုင်း ဓမ္မစင်္ကြာ တည်းဟူသောတရားကိုဟောကြားရန်မိဂါဒ၀ုန်သို့ကြွတော်မူမည်ဟုမိန့်တော်မူ`၏။ဥပကသည်ဘုရားရှင်ကိုဖယ်ခွါ၍၀င်္ဂဇနပုတ်သို့ထွက်သွားလေသည်။ဥပကကြီးမှာ မုဆိုး`၏သမီးမဆာပါနှင့်အကြောင်းဆုံပြီးသုဘဒ္ဒ၏ဖခင်ဖြူစ်လေသည်။နောင်အခါမြတ်စွာဘုရားထံတွင်အနာဂါမါဖြစ်ပြီး သူ၏သားသုဘဒ္ဒသည်မြတ်စွာဘုရားပရိနိဗာန်ပြုကာနီးမှာမြတ်စွာဘုရား၏တရားကိုနာရပြီးနောက်ဆုံးရဟန္တာဖြစ်ခဲ့ပါသည်။မြတ်စွာဘုရားသည်ပဉ္စ၀ဂ္ဂီငါးဦးအားဓမ္မစင်္ကြာတရားဦးကိုမဟာသက္ကရာဇ်(၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့တွင်ဟောကြားခဲ့ပါသည်။အရှင်ကောဏ္ဍင်ည မှပထမဆုံးသောတာပန်တည်သည်။ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင်အရှင်ဝပ္ပ၊လပြည့်ကျော်နှစ်ရက်နေ့တွင်အရှင်ဘဒ္ဒိယ ၊လပြည့်ကျော်သုံးရက်နေ့တွင် အရှင်မဟာနမ်၊လေးရက်နေတွင်အရှင်အဿဇိ မထေတို့သည်အစဉ်အတိုင်းသောတာပတ္တိဖိုလ်တည်ပြီဧဟိဘိက္ခု ရဟန်းအဖြစ်ကိုရောက်ရှိခဲ့ပါသည်။မြတ်စွာဘုရားရှင်သည် သရဏဂုံကိုရွတ်ဆိုစေပြီးရဟန်အဖြစ်ကိုရောက်ရှိခဲ့ပါသည်။မြတ်စွာဘုရားရှင်လက်ထက်ကသရဏဂုံဆောက်တည်ခြင်းသည် မဂ်ဖိုလ်ရဲ့အခြေခံဖြစ်ပါ၏။သာသနာပ ကာလ၌သမာပါတ်ရှစ်တန်ရသော်လည်း ၀ဋ်ဆင်းရဲ၏အခြေခံဖြစ်၏အနတ္တလက္ခဏာမထင်ပါ။ထို့ကြောင့်သရဏဂုံသည်ထေရ၀ါဒ၏ပထမအနှစ်သာရဖြစ်ပါ၏။သီလသိက္ခာ၊သမာဓိသိက္ခာ၊ပညာသိက္ခာ စသောသက္ခာသုံးပါးသည်ထေရ၀ါဒ၏ဒုတိယ အနှစ်သာရဖြစ်ပါ၏။သာသနာတွင်းရောက်သောအခါ သိက္ခာသုံးပါးကိုထေရ၀ါဒီ ရှင် လူ ရဟန်းတို့ကျင့်သုံးရန်ဖြူစ်ပါ၏။ထေရ၀ါဒီ ရှင်လူ ရဟန်းတို့သည်သီလနှင့် ကာမဂုဏ်ဟူသောူစည်ူးစိမ် ၊ရာထူး အာဏာတို့နှင့်ယှဉ်လာလျှင်သီလကိုအပျက်မခံပါ။ထို့ကြောင့်ဆရာတော်အရှင်သေဌိလက (thila is A 'B'C of buddshim.)ဟုပြောခဲ့ပါတယ်။ပဋိယတ္တိ ၊ ပဋိပါတ္တိ၊ ပဋိဝေဒ ဟူသောသာသနာသုံးရပ်ဖြ**့လည်းခိုင်မြဲပါသည်။ ပဋိယတ္တိသည် ရေကန်ကြီး၏ဘောင်နှင့်တူပြီး ၊ ပဋိပတ္တိသည် ကန်အတွင်းမှရေနှင့်တူပါ၏၊ ပဋိဝေဒသည်ကြာနှင့်တူပါ၏၊ရေကန်သည်ကြည်လင်အေးမြသောနှင့်အတူကြာလည်းရှိမှတင့်တယ်သလို သာသနာတော်ကြီးသည်လည်း ပဋိယတ္တိ၊ ပဋိပတ္တိပဋိဝေဒ ဟူသောသာသနာသုံးရပ်ဖြ**့ပြည့်စုံပါသည်။ဝိနည်းပိဋက၊သုတ္တံ ပိဋက ၊အဘိဓမ္မာ ပိဋက ၊သုံးပုံတွင်မြတ်စွာဘုရားရှင်ဟောကြားခဲ့သောတရားတော်ဓမ္မခန္ဒာပေါင်း(၈၄၀၀၀)ရှိပါတယ်။ဝိနည်းပိဋကတွင် (၂၁၀၀၀)စ သုတ္တံပိဋကတွင်(၂၁၀၀၀) အဘိဓမ္မာပိဋကတွင်(၄၂၀၀၀)ဖြစ်ပါ၏။ ပဋိယတ္တိသည်သာသနာ၏အသက်ဖြစ်သည်၊ပဋိပတ္တိ၏အကြောင်းဖြစ်ပါ၏။ပဋိပတ္တိသည်ပဋိဝေဒ၏အကြောင်းဖြစ်ပါ၏။လူ့လောကကြီးတွင်ကိယ်ကျင့်တရားတေါဆုတ်ယုတ်လာရင် အသက်တွေတိုလာမည်၊စည်းစိမ်ဥစ္စာတွေဆုတ်ယုတ်လာတတ်ပါသည်၊ပညာတတ်တွေနည်းလာပါမည်။အာဏာဒေသနာဖြစ်သော ၀ိနည်း ပိဋကတ်တွေကိုသင်ယူနေသော အရှင်မြတ်တွေသည် သီလတွေကိုသင်ယူကျင့်သုံးနေသောကြောင့် ၀ိဇ္ဇာသုံးပါးရနိုင်ပါသည်။ ဝေါဟာရဒေသနာဖြစ်သော သုတ္တံ ပိဋကတ်ကိုသင်ယူနေသောအရှင်မြတ်တွေသည် သမာဓိတွေကိုသင်ယူနေသောကြောင့် အဘိဥာဏ်ခြောက်ပါးရနိုင်ပါ၏။ ပရမတ္ထဒေသနာဖြစ်သော အဘိဓမ္မာ ပိဋကတ်ကိုသင်ယူသောအရျင်မြတ်တွေသည် ပညာတွေကိုသင်ယူနေကျင့်သုံးနေသောကြောင့် ပဋိသမ္ဘိဒါပတ္တာ ရနိုင်ပါ၏။မြတ်စွာဘုရားရှင်၏သားတော်များဖြစ်သော ရဟန်သံဃာများသည် သာသနာ၏ပြင်ပမှ ချဲပေး၊ဓါတ်ပေး ဗေဒင်ဟော အဆောင်ပေး ခြင်းတို့သည် ထေရ၀ါဒ ၀ိနည်းတော်နှင့်မကိုက်ညီသော အလုပ်တွေကိုလုပ်နေကြမည်ဆိုလျှင် သာသနာကွယ်ကြောင်း ဖြစ်ပါလိမ့်မည်။ထေရ၀ါဒသည် ဒုက္ခသစ္စာ (ဆင်းရဲကြောင်းအမှန်) ၊သမုဒယသစ္စာ (ဒုက္ခသစ္စာ ဖြစ်ကြောင်း)၊နိရောဓသစ္စာ(ဒုက္ခချုပ်ရာ)၊မဂ္ဂသစ္စာ (နိဗာန်ရောက်ကြောင်းအမှန်)ဟူသောသစ္စာလေးရပ်ဖြ**့လည်းခိုင်မြဲတော်မူသည်။လောက၌ရှိသမျှ သတ္တ၀ါအားလုံးတို့သည် ဒုက္ခသစ္စာဖြ**့သာကျင်လည်ကြရပါ၏။သဗ္ဗေအလုံးစုံသောသင်္ခါရတရားတို့သည် အနတ္တ အစိုးမရခြင်း၊ ဒုက္ခဆင်းရဲခြင်း၊ အနိစ္စ မမြဲခြင်း သဘောရှိကြပါကုန်၏ဟု ပညာဖြ**့မြင်အောင် ရှုထိုက်ပါပေ၏။သဗ္ဗေသင်္ခါရတရားတရားတို့သည် အစိုးမရအနှစ်အသားမရှိ သုံးဆိတ်တဲ့ အနတ္တသဘောရှိကြပါ၏။ ဒုက္ခသစ္စာတရားတို့သည် သမုဒယသစ္စာဆိုသောအကြောင်းတရားကြောင့်ဖြစ်ကြရပါကုန်၏။ဝေဒနာသည်ကောင်းတာကိုလည်းခံစားပါ၏။ဆိုးတာကိုလည်းခံစားပါ၏။ထို့ကြောင့် ဝေဒနာသည်ဒုက္ခနှင့်လည်းယှဉ်၍ဖြစ်၏။ဥပါဒါန်နှင့်လည်းယှဉ်၍ဖြစ်၏။အတိတ်ကဖြစ်ခဲ့သမျှကိုလည်းဥပါဒါန်ဖြ**့စွဲ၍ အတိတ်ဓမ္မာရုံဥပါဒါနက္ခန္ဓ္ဓာဖြစ်ကြပါ၏။အနာဂါတ်ကိုလည်းကြိုတင်ခံစားပြီးအနာဂါတ်ဓမ္မာရုံဥပါဒါနက္ခန္ဓ္ဓာဖြစ်ကြပါ၏။သဘာဝတရားတွေရဲ့အပေါ်မှာ အနတ္တအမြင်မှန်(အတ္တကင်းအောင်ကြည့်ခြင်း)ရှိရင် သုညတ၀ိပသနာမည်၏။သုညတမဂ်ဆိုက်၍ သုညတ နိဗာန်ဝင်ပါသည်။ထေရ၀ါဒဗုဒ္ဓ္ဓဘာ၏နောက်ဆုံးပန်းတိုင်သည်ဒုက္ခကင်းရာ၊သမုဒယကင်းရာနိဗာန်ဖြစ်ပါ၏။မြတ်စွာဘုရားက ဒီတရားကတော့သိရုံသာသိရမည့်တရား၊ဒီတရားကတော့ပါယ်ရမည်တရား၊ဒီတရားကတော့ပွါးရမည့်တရား၊ဟု ဝေဘန်ပိုင်းခြားဟောပြခဲ့ပါသည်။မြတ်စါာဘုရားရှင်တို့သည် အကျိုးတရား၌မကျင့်သုံးကြပါကုန်၊အကြောင်းတရား၌သာကျင့်သုံးကြပါကုန်၏။အကျိုးတရားကိုကျင့်ရင်ေ***နဲ့တူပြီး အကြောင်းတရား၌ကျင့်ရင် ခြင်္သေ့နဲ့တူတယ်လို့ဟောခဲ့ပါတယ်။ခွေသည်ခဲနှင့်ပေါက်လျှင်ခဲနောက်လိုက်ပြီး ခြင်္သေ့ကိုမျှားဖြ**့ပစ်လျှင်မျှာပစ်သူကိုလိုက်ပါတယ်။ထေရ၀ါဒသည်ဧကံသ ၀ါဒ မဟုတ်ပါ။ဝေဖန်ပိုင်းခြားသောဝါဒရှိပါ၏။ငါသည်သာသနာအတွက်ဖြစ်ပြီး သာသနာသည်ငါ့အတွက်မဖြစ်စေသင့်ပါ။သာသနာသည်ခိုနားရာဖြစ်ပြီးမှီစားရာမဖြစ်စေသင့်ပါ။ထေရ၀ါဒဗုဒ္ဓ္ဓ သာသနာကိုသန့်ရှင်းတည်တံ့စေရန် သင်္ဂါယနာ ခြောက်ကြိမ်တင်ခဲ့ကြပါသည်။ဘုရားရှင်ပရိနိဗာန်ပြုပြီး နောက် ဘုရားရှင်ဟောကြားခဲ့သောတရားတော်များကိုမပျက်စီးမပျောက်ပျက်ရအောင်ရဟန္တာမထေမြတ်များ ၊ ရဟန်းတော်များစုပေါင်းပြီး စစ်မှန်သောဗုဒ္ဓ္ဓဓမ္မကို သန့်ရှင်တည်တံ့ပြန့်ပွါးစေရန်အတွက်သံဃာအများ၏သဘောတူညီမှုရယူကာ နှုတ်ဖြ**့ရွတ်ဆို မှတ်တမ်းတင်အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်းဟုခေါ်ပါသည်။မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး (၃)လနှင့်(၄)ရက်အကြာတွင် ရာဇဂြိုလ်ပြည် ဝေဘာရတောင်သတ္တပဏ္ဍိလှိုင်ဂူ၌ BC 543 တွင်ပထမအကြိမ်သင်္ဂါယနာတင်ခဲ့ကြပါသည်။ရာဇဂြိုလ်ပြည် အဇာတသတ်မင်းလက်ထက်တွင်သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီးရှင်မဟာကဿဖ၊ရှင်အာနန္ဒာတို့ဦးဆောင်ပြီးသင်္ဂါယနာတင်ခဲ့ပါသည်။အရှင်ဥပါဠိမှဝိနည်းကို ၄င်း၊အရှင်အာနန္ဒာမှသုတ္တံနှင့်အဘိဓမ္မာကို၎င်းသံဃာ့အစည်းအဝေးသို့တရားတော်များကိုစုဆောင်းတင်သွင်းခဲ့ကြပါသည်။ဝိနည်းပိဋကတ်တွင် ဓမ္မခန္ဒာပေါင်း(၂၁၀၀၀) သုတ္တံပိဋကတ်တွငဓမ္မခန္ဒာပေါင်း(၂၁၀၀၀)အဘိဓမ္မာပိဋကတ်တွင်ဓမ္မခန္ဒာပေါင်း(၄၂၀၀၀) ကိုထည့်သွင်းကာသဘောတူဆုံးဖြတ်ခဲ့ကြပါသည်။သာသနာနှစ်(၁၀၀)ကြာပြီးနောက်BC 443 တွင် ဒေ၀ဒတ်၏တပည့်များဖြစ်သောဝဇ္ဇ္ဇီတိုင်းသားရဟန်းများမှအဓမ္မ၀တ္ထု (၁၀)ပါးကိုတောင်းဆိုခဲ့ကြပါသည်။ ဥပမာ နေလက်တစ်သစ်လွဲသည်အထိ ထမင်းစားရန်၊သေနု(အရက်ခပ်ပျော့ပျော့)ကိုသောက်ရန်၎င်း၊ရွှေငွေများကိုသာမန်လူပုဂ္ဂိုလ်များကဲ့သို့ ကိုင်တွယ်အသုံးပြုရန်၎င်းစသည်ဖြ**့တောင်းဆိုခဲ့ကြသည်။ထေရ၀ါဒသာသနာတော်အားပြုပြင်ပြောင်းလဲရေးလုပ်လာသဖြ**့သာသနာညှိုးနွမ်းလာသည်ကိုအကြောင်ပြုပြီးဒုတိယအကြိမ်သင်္ဂါယနာတင်ခဲ့ကြပါသည်။ဝေသာလီပြည်ကာလာသောကမင်းလက်ထက် ၀ါဠုကာရာမကျောင်းတွင် အရှင်ယဿမထေဦးဆောင်ရ်ျ အရှင်ရေ၀တ၊ အရှင်သဗ္ဗ္ဗကာမိ နှင့်ရဟန္တာပေါင်း(၇၀၀)ဖြ**့(၈)လကြာသင်္ဂါယနာတင်ခဲ့ရာ ရဟန်းပျက်ပေါင်း(၁၀၀၀၀)သောင်းကျော်အားနှင်ထုတ်ခဲ့ကြပါသည်။သာသနာညှိုးနွမ်းလာသောအန္တရာယ်ကိုကာကွယ်ရန်သံဃာထု၊ မင်းထု၊ပြည်သူလူထု၊ ထုသုံးထုပူးပေါင်း၍ထိန်းသိမ်းစောင့်ရှောက်လာခဲ့ခြင်းဖြစ်ပါသည်။သာသနာနှစ်(၂၃၅)နှစကြာပြီးနောက် BC 309 တွင်ပါဋလိပုဒ်ပြည်၌ မိစ္ဆာအယူရှိသော ရဟန်းအတု(၆၀၀၀၀) ကျော်အထိသာသနာအတွင်းအယောင်ဆောင်ပြီးဝင်ရောက်လာကြသည်ကိုအကြောင်းပြုပြီးအသောကာရုံကျောင်း၌အရှင်မောဂ္ဂလိပုတ္တတိဿမထေဦးဆောင်ပြီး အသောကမင်းလက်ထက်တွင်တတိယအကြိမ်သင်္ဂါယနာတင်ခဲ့ကြပါသည်။သီရိဓမ္မာသောကမင်းကြီူးကိုယ်တိုင် ဗုဒ္ဗ္ဓ္ဓမြတ်စွာ၏အယူဝါဒကို သေချာလေ့လာသင်ယူပြီးရဟန်းအတုနှင့်အစစ်ကိုမေးမြန်းစီစစ်၍ ရဟန္တာပေါင်း(၁၀၀၀)ဖြ**့ သင်္ဂါယနာတင်ခဲ့ရာ (၉)လကြာမြင့်ခဲ့ပါသည်။အယောင်ဆောင်ဝင်လာသောရဟန်းအတုများကိုစီစစိပြီ လူဝတ်လဲစေခြင်း၊သာသနာတော်မှနှင်ထုတ်ခဲ့ခြင်းဖြ**့ သာသနာတော်ညှိုးနွမ်းနေမှုကိုပြန်လည်ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။သီရိဓမ္မာသောကမင်းကြီးသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာနသို့သာသနာပြုစေလွှတ်၍ အကြီးမားဆုံးသောသာသနာပြုလုပ်ငန်းကို ကမ္ဘာအနှံ့ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ငါးပုံလေးပုံသည် ဗုဒ္ဗ္ဓ္ဓမြတ်စွာသာသနာတော်လွှမ်းမိုးခဲ့ပါသည်။မြန်မာနိုင်ငံသို့သာသနာပြုအဖွဲ့ရောက်ရှလာခြင်းသည်သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့မှ အရှင်သောဏနှင့် အရှင်ဥတ္တရမထေတို့ဦးဆောင်သောရဟန္တာ(၅)ပါးအဖွဲ့သည်သထုံဖက်မှဝင်ရောက်သာသနာပြုရာမှအစပြုပြီး ရောက်ရှိာလခြင်းဖြစ်ပါသည်။သာသနာနှစ်(၄၅၀)အကြာ BC 63 တွင်သီဟိုဠ်နိုင်ငံ သို့သာသနာကူးပြောင်းခဲ့ရာတွင်အငတ်ဘေးနှင့်သူပုန်ဘေးကြီး(၁၂)နှစ်ကြာကျရောက်ခဲ့သဖြ**့ သံဃာအစစ်များဒုက္ခရောက်ခဲ့သည်ကအကြောင်းပြု၍ စတုတ္ထသင်္ဂါယနာတင်ခဲ့ကြပါသ်ည်။သီဟိုဠ်နိုင်ငံ မလယဇနပုဒ်၌ အလောက လှိုင်ဂူတွင် အရှမဟာဓမ္မရက္ခိတမထေဦးဆောင်၍ ရဟန္တာ(၅၀၀)ဖြ**့၊၀ဏ္ဏဂါမဏိမင်းလက်ထက်တွင် တင်ခဲ့ခြင်းဖြစ်ပါ၏။သီရိဓမ္မာသောကမင်း၏သားတော်ရဟန္တာ မဟိန္ဒ နှင့်သမီးတာ် ရဟန္တာမိတ္တာထေရီတို့ ပြုခဲ့သောသနာသည် သီဟိုဠ်တွင်ထွန်းကားခဲ့ရာမှအငတ်ဘေးနှင့်သူပုန်ဘေးများ(၁၂)နှစ်ကြာပေါ်ပေါက်ခဲ့သဖြ**့ ဒါယကာ ဒါယိကာမ များမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြ**့ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။အချို့သောသံဃာအစစ်တို့သည် ဘုရားရှင်၏ဓမ္မများ မပျောက်ပျက်ရလေအောင်နှုတ်ဖြ**့ရွတ်ဆိုရင်းသဲသောင်ပေါ်တွင်ဗိုက်ပေါ်သဲများတင်ပြီးမမေ့မလျှော့အောင် ရွတ်ဖတ်ထိန်းသိမ်းနေကြသည်။တချို့သံဃာတို့တွင်လည်းလွန်စွာချို့တဲ့လာသဖြ**့နိဝရဏတရားများလွှမ်းမိုးလာကြသည်။သူပုန်ဘေး(၁၂)နှစ်ပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြ**့ အရှင်မဟာဓမ္မရက္ခိတဦးဆောင်းသော ရဟန္တာ(၅၀၀)တို့ပါဝင်သော သံဃာထု ၊ အထောက်အပံ့ပြုကြသောဝဏ္ဏဂါမဏိမင်း၏ မင်းထုသာသနာဝင်များပါဝင်သောပြည်သူလူထု၊ ထုသုံးထုပူးပေါင်းဆောင်ရွက်ကြသည်။ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင်နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွားနိုင်သည်ကို သိလာသဖြ**့ မှတ်တမ်းအဖြစ်ပေရွက်ပေါ်ရေးတင်ပြီးပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ်ကြာမြင့်ခဲ့ပါသည်။သာသနာနှစ်(၂၄၁၅)ကြာပြီးနောက် AD 1871 ခုနှစ်မင်းတုန်းမင်းလက်ထက် မြန်မာနိုင်ငံ မန္တးလေးမြို့ရတနာပုံနေပြည်တော်တွင်ဆရာတော်အရှင်ဇာဂရ မထေဦးဆောင်ပြီး ရဟန်းပေါင်း(၂၄၀၀)နှင့်နှုတ်ဖြ**့ရွတ်ဆို၍ ပဉ္စမသင်္ဂါယနာတင်ခဲ့ပါသည်။ပေရွက်ပေါ်တွင်တင်ထားသောပိကျပဋကတ်သုံးပုံတို့သည် ရာသီဥတုနှင့်ပိုးမွှားများအန္တရာယ်တို့ကြောင့်ပျက်စီးလာခဲ့ခြင်းနှင့်အချို့မူကွဲများဖြစ်ပ်ါလာခြင်းတို့ကြောင့် အရှင်ဇာဂရဦးဆောင် ၍ရတနာပုံ နေပြည်တော်တွင် သင်္ဂါယနာတင်ခဲ့ရာ (၅)လနှင့် (၃)ရက်ကြာမြင့်ခဲ့ပါသည်။ပြီနောက် ပိဋကတ်တော်များကို ကမ္ဘာတည်သ၍ကြာရှည်မပျက်စိးရအောင် စကျင်ကျောက်ပြားပေါ်တွင် ထွင်ထုရေးသားခဲ့ရာ စကျင်ကျောက်ပြားအချပ်ပေါင်း (၇၂၉)ချပ် ရရှိခဲ့ပြီး အချိန်အားဖြ**့ (၇)နှစ်(၆)လကြာမြင့်ခဲ့ပါသည်။မန္တးလေးမြို့လောကမာရဇိန်ဘုရားဝင်းအတွင်း၌ (World Biggest Book )ဟူသောအမည်ဖြ**့ကမ္ဘာတွင် မြန်မာနိုင်ငံ၏ဂုဏ်ဆောင်မှတ်တိုင်ကြီးအဖြစ်လွန်စွာထင်ရှားခဲ့ပါသည်။သာသနာနှစ်(၂၄၉၈) AD-1954 ခုနှစ်ဖဆပလ ဦးနု အစိုးရလက်ထက်တွင်ညောင်ရန်းဆရာတော်အရှင်ရေ၀တ ၊မဟာစည်ဆရာတော်၊အရှင်သောဘဏ ၊မင်းကွန်းဆရာတော်အရှင်ဦးဝိစိတ္တသာရာဘိဝံသတို့ဦးဆောင် ၍ထေရ၀ါဒ(၅)နိုင်ငံမှဆရာတော်များစသည့် ရဟန်းပေါင်း(၂၅၀၀)ဖြ**့ဆဌမသင်္ဂါယနာတင်ခဲ့ပါသည်။ဗုဒ္ဓ္ဓဘာသာအထွန်းကားဆုံး ဖြစ်သောမြန်မာနိုင်ငံသည်သူ့ကျွန်ဘ၀ နှစ်ပေါင်း(၁၀၀)ခန့်ကြာမြင့်ခဲ့ပြီးသာသနာတော်လွန်စွာညှိုးနွမ်းလာခဲ့သည်။လွတ်လပ်ရေးရပြီးနောက် သာသနာနှစ်(၂၄၉၈)တွင်မြန်မာနိုင်ငံရန်ကုန်မြို့ ကမ္ဘာအေးကုန်မြေ မဟာပါသနလှိုဏ်ဂူတွင် ဆဌမအကြိမ်သင်္ဂါယနာတင်ပြီးသာသနာကိုစောင့်ရှောက်ခဲ့ကြပါသည်။ညောင်ရန်းဆရာတော်၊မဟာစည်ဆရာတော်၊မင်းကွန်းဆရာတော်များဦးဆောင်သော ရဟန်းပေါင်း(၂၅၀၀)တွင်မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီယား၊သီရိလင်္ကာ စသော နိုင်ငံ(၅)နိုင်ငံမှရဟန်းတော်များပါဝင်သောသံဃာထု၊အစိုးရဦးဆောင်သော မင်းထု၊သာသနာဝင်ပြည်သူလူထုစသော ထုသုံးထု ပူးပေါင်းဆောင်ရွက်ပြီး၊ယခင်ပိဋကတ်တော်များကိုကျောက်ပြားပေါ်ဖတ်နေရာမှ အလွယ်တကူဖတ်မှတ်လေ့လာနိုင်ရန်စာအုပ်များပေါ်တွင်ကူးပြောင်းပုံနှိပ်ပြီးဆဌသင်္ဂါယနာတင်ခဲ့ာကပါသည်။ယခင်က အနောက်ဥရောပနိုင်ငံများမှပညာရှင်များက ဗုဒ္ဓ္ဓဘာသာရဟန်းတော်တွေ ဒီလောက်များသော ပိဋကတ်စာပေများကို အလွတ်ရွတ်ဆို လက်ဆင့်ကမ်းခဲ့တယ်ဆိုတာ ကြွားသည်ဟုထင်ခဲ့ကြပါသည်။ဆဌသင်္ဂါယနာတင်ပွဲတွင်လာရောက်လေ့လာပြီးမှ မင်းကွန်းဆရာတော်ဦ၀ိစတ္တသာရာဘိဝံသ၏ကျေးဇူးကြောင့် ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆို လက်ဆင့်ကမ်းခဲ့သည်ကိုယုံကြည်သွားကြပြီး(World G*****ssRecod)တွင်ပထမဆုံမှတ်တမ်းတင်ခဲ့ကြပါသည်။ဗုဒ္ဓ္ဓဘာသာ၏သမိုင်းမှတ်တိုင်မဟုတ်ပါလား။ဓမ္မစေတီဆရာတော်ဦးကောသလ္လ ၏တရားနာကြားပြီးပြန်လည်မျှဝေခြင်းဖြစ်ပါသည်.။

No comments:

Post a Comment