Saturday, December 21, 2013

သူ့ကိုငါစောင့်နေတယ်

လူတစ်ယောက်ကို ငါစောင့်နေတယ်....ငါ့ဘဝထဲဝင်လာပြီးငါ့ရဲ့ပျော်ရွှင်ချမ်းမြေ့မှု၊ ဝမ်းနည်းနာကျင်မှုတွေကိုအတူမျှဝေခံစားပေးနိုင်တဲ့လူတစ်ယောက်ကို ငါစောင့်နေတယ်။အချိန်အကြာကြီး ငါ့စောင့်နေခဲ့လို့စောင့်ရကျိုးနပ်အောင်ငါ့ကိုပိုတန်ဖိုးထားတဲ့လူတစ်ယောက်ကို ငါစောင့်နေတယ်။ကုန်ဆုံးသွားတဲ့အချိန်တွေမှာ ငါ့အနားမရှိနိုင်ပေမယ့်ငါ့ရဲ့မနက်ဖြန်တိုင်းအတွက် ငါ့လက်ကိုတွဲပြီးအတူလျှောက်လှမ်းမယ့်လူတစ်ယောက်ကို ငါစောင့်နေတယ်။ငါဟာပြီးပြည့်စုံသူတစ်ယောက်မဟုတ်မှန်း သိရက်နဲ့ ငါ့ကိုနှစ်သက်ပြီးငါ့ရဲ့ချွတ်ယွင်းချက်တွေကိုပါ နားလည်းပေးတတ်တဲ့လူတစ်ယောက်ကိုငါ စောင့် နေ တယ်....

No comments:

Post a Comment