Saturday, December 21, 2013
မောင်စိန်ဝင်း(ပုတီးကုန်း)
မြုံးမေ့တတ်အောင်လို့မျက်တောင်ချင်းယှက် ၊ အိပ်စက်မရဲအိပ်မက်ထဲထိ ၊ နှိပ်စက်ရှိသူအပူတစ်စ ၊ ဘယ်သူမျှသလဲသူမှသူကွယ် ၊ အပူသယ်(သည်) အဖြစ်စွဲလမ်းရစ်ချည် ၊ စူးနစ်ကျွမ်းမြည့်အလွမ်းနေ့ဆက် ၊ အမေ့ခက်ပြန် ….. ။ ။နေ့ရက်နာရီရာသီကာလ ၊ ထာဝရမတည်ကြာလှပြီဖြစ် ၊ ချစ်ခြင်းဝေဒနာဖြေသာပြေ၍ ၊ မေ့ပါရစေ ….တစ္ဆေလိုပူး ၊ စိတ်ကူးမှာကပ်ပတ်ရစ်နှောင်ငင် ၊ သံယောဇဉ်ဝဋ်လျှော့ပြေချွတ်၍ ၊ လွတ်မြောက်ခွင့်အားပေးသနားပါ …. ။ ။ဝါရွက်တွန့်ကွေးပြေးလျောရှပ်တိုက် ၊ ဝိုက်ဝေ့လွင့်ပါရာသီဆောင်းလွန် ၊ နွေဦးကျွံစနှင်းမှုန်ကျပဲ ၊ တစ်နေ့တည်းမှာရာသီနှစ်ခု .……ဪ … လူ့လို …. သူ့လိုမငိုမိပဲ ၊ မျက်ရည်ဝဲကာရင်ထဲစူးကျင် ၊ နာလိုက်ချင်ရဲ့မေ့ချင်ရဲ့ကွယ် ၊ တကယ်ဆိုကသမုဒယမြုံး ….အနက်ဆုံးမို့ ၊ သက်လုံးနှောင်မိသတိတရများစွာ …ဪ ….အထိအရှများစွာနဲ့ပဲ ……….. ။ ။မောင်စိန်ဝင်း (ပုတီးကုန်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment