Saturday, December 21, 2013

သောကခြေရာ(၁၂)

မပြုံးသာ မရယ်သာရင်မှာသိုသိပ်မောသောက၏ ခြေရာတို့သည် လည်းကောင်း ... ။မရုန်းသာ မဖယ်သာအကြင်နာ ယိုဖိတ်သောမောလျသည့် ဝေဒနာတို့သည် လည်းကောင်း ... ။ချစ်၏ ကြင်၏ ၊ သူမသိလေဝေဒနာကို ဘာသာသိုဝှက်တစ်ရက် တစ်နေ့ ၊ ရွေ့ရွေ့ကုန်ပြန်မနက်ဖြန်ပေါ့ ၊ ပြောတော့ပြောမည်ရည်ရွယ်ခဲ့လျက် ၊ နှုတ်ကခက်တော့အိပ်မက်တွေပဲ ၊ ကျန်တယ်လေ .... ။တစ်ခါတစ်ခါ ၊ လာလေခေါ်ယူအတူလျှောက်စို့ ၊ ဟို့အနားမှာကဗျာပင်အောက် ၊ ကွန်းတစ်ထောက်ခိုပန်းကောက်မယ်နော် ၊ ပျော်တယ်မို့လားရင်ကြားမှာလေ ၊ ပန်းတွေပွေ့ပိုက်ပျော်ရွှင်မွေ့လို့ ၊ တစ်နေကုန်မှ ပြန်ရအောင် ... ။ပန်းခင်းမွေ့ရာ ၊ ကဗျာနှင်းဆီသည်ပန်းတွေကြား ၊ နှစ်ကိုယ်ကြားယုံကြိုးစားပြောမယ်၊ တကယ်တော့လေပျော်ပါစေလား ၊ ကိုယ့်စကားကြောင့်ပန်းများကိုခွာ ၊ သူစိတ်နာလို့ခမျာ ပန်းမုန်းလေမလား .... ။ပန်းတွေမုန်းရင် ၊ လုံးလုံးကိုယ့်ကြောင့်စိုးနှောင့်ဗျာဆူ ၊ ကိုယ့်အပူနဲ့ကိုသူမသိစေ နေတော့နေတော့စိတ်ကိုလျှော့မယ် ၊ တွယ်တာသမျှသည်ဘဝတော့ ၊ လနဲ့မြေလွှာကွာကြီးကွာစမ်း ၊ ကိုယ်ပဲလွမ်းမယ်ပန်းမုန်းလူမုန်း ၊ အဖြစ်ရှုံးရင်နှလုံးကွဲပြီး သေမှာပဲ ...... ။အချစ်ရယ် ....တွယ်တာတတ်လို့ ၊ အပြစ်ရှိရင်ကိုယ့်အဆိုးပဲ ရှိပါစေတော့ .... ။မရုန်းသာ မဖယ်သာအကြင်နာ ယိုဖိတ်ခိုက်ပါတည့် ....မပြုံးသာ မရယ်သာရင်မှာ သိုသိပ်လိုက်ပါ၏ ....... ။ ။မောင်စိန်ဝင်း(ပုတီးကုန်း)

No comments:

Post a Comment