Friday, December 20, 2013

ကဗျာများးးးးးးး၃

အချစ်နှင့်သက်ဆိုင်သူများနှင့် ဒဏ်၇ာလဲလှယ်ပွဲဒီပွဲကိုလာရောက် ပြောကြားသွားခဲ့သမျှ စကားလုံးတွေစီ ခံစားချက်တွေ ပေါ်လွင်သလောက်ဒီအပိုဒ်လေးမှာ ရေးသားထားပါတယ်.......ဒီနေ့ကျင်းပခဲ့တဲ့ ဒဏ်ရာလဲလှည်ပွဲပာာ ပျော်ရွှင်မှု့တွေမှလွဲပြီးစည်စည်ကားကားနဲ့ အောင်မြင်စွာပဲပြီးဆုံးသွားပါတယ် ။ပွဲပြီးတဲ့အချိန်မှာ ကျန်ရစ်ခဲ့သော မျက်ရည်စများကို လှဲကျင်းပြီး ခုဒီစာမျက်နှာပေါ်ကို လာရောက်စွန့်ပစ်ခဲ့ပါတယ်။အားလုံးကိုလဲ တောင်းပန်ပါတယ်......ဒီနေ့ဒဏ်ရာတွေတနင့်တပိုးနဲ့လာသွားကျသော ကျွန်တော်သူငယ်ချင်းများကို အပြုံးတွေနဲ့ မကြိုဆိုနိုင်ခဲ့သလို သူတို့တွေကလဲ ပြန်မပြုံးပြနိုင်ခဲ့ကြဘူး.....အဲ့လိုအချိန်တွေ တော်တော့ကို ခံရခက်လွန်းလှပါတယ်။ တစ်ချို့ဒဏ်ရာတွေဆို သွေးတစ်စက်စက်နဲ့ အခုထိကိုသွေးစက်တွေထဲမှာမပြီးဆုံးနိုင်သေးဘူး.......နောက်တစ်ချို့တစ်ချို့တွေရဲ့ မျက်ရည်စများကိုလဲ ရင်နာနာနဲ့ဝင်ရောက်ခံစားပေးမိ ပါသေးတယ်.....(သူတို့လဲ ငါလိုပါပဲလားလို့ပေါ့) ကမ္ဘာဦးအစကထည်းက ဖြစ်ပေါ်ခဲ့တဲ့လူသားခြင်းစာနာစိတ်ဆိုတာလည်းလမ်းဘေးအမှိုက်တောင်းထဲ မှာ ခုထိခုန်မထွက်နိုင်သေးဘူး။သူကရှားပါးရဲ့သားနဲ့ ဘာလို့တန်ဖိုး မဲ့သွားခဲ့တာလဲ......အမြစ်ပြတ်ဖို့ ခဲယဉ်းတဲ့ဒဏ်ရာတိုင်းဆေးနဲ့ယဉ်ပါးတက်ကြပါတယ်....လောင်မြိုက်ခြင်း အခြေခံနဲ့ပဲ ပွဲတော်လေးကိုတည်ဆောက်သွားခဲ့တာပါ။ အနိဋ္ဌာရုံမြင်ကွင်းတွေကိုတော့ သူတို့ပာာသူတို့ရှင်းလင်းထားခဲ့ပေမဲ့လဲ ကျရှုံးခန်းတွေကိုခုထိ မြင်တွေ့နေကျစဲပဲ.......သြော်.....အဲ့တာ သွေးမဲ့ဒဏ်ရာတွေပေါ့........အဲ့ဒဏ်ရာတွေနဲ့ ရင်နှီးထားတာကြာတော့အရှုံးတွေဖြစ်လာခဲ့ကြတာလေ....ဒါသူတို့ရဲ့ကျရှုံးခန်းတွေပေါ့........အဲ့ဒီကျရှုံးခန်း ဆိုတာကလဲ လေနီကြမ်းတွေပေါ်မှာ သူတို့ဘာသာသူတို့လွင့်တင်လိုက်ကြတဲ့ အလံဖြူတွေကြောင့်လဲဖြစ်ချင်ဖြစ်နေမှာပါ............သေချာတာကတော့......ကြိုးဝိုင်းတွေပေါ်ကရခဲ့တဲ့အမာရွတ်တွေတော့ မပာုတ်ခဲ့ဘူး....အနီးကပ် အတိုက်ခံလိုက်ရတဲ့ လက်သဲချွန်ချွန်ရာတွေပါ.......ပာုတ်တယ်......အဲ့ဒီဒဏ်ရာတွေက စကားလုံးတိုင်းတွေအများအပြား မှန်ထားတယ်.....ချစ်သူတို့တာ အနည်အနှစ်များတဲ့ ရေဆိုရင်တောင်သူတို့ရဲ့ လက်သည်းရာလေးတွေက စစ်ပြီးသောက်သုံးချင်တဲ့ သူတွေတဲ့........စိတ်တော့ဘယ်ကောင်းပါမလဲ......ဒါတွေက ခုထက်ထိကို အနားကွတ်ခွင့်မရသေးတဲ့ မရခဲ့တဲ့ သထ္ထုဘောင်တွေဆိုတာ သူတို့ကို ဘယ်လိုအင်အားတွေနဲ့ကျွန်တော်ပြောရပါ့မလဲ.........ဒဏ်ရာတွေကို လဲလှယ်ပွဲမှာ ဦးဆောင်သူမရှိနောက်လိုက်တွေမရှိ......အများပြောတဲ့ ရှက်ရွံခြင်းတွေမရှိ ရင်းနှီးစွာဖွင့်ပြောသွားခဲ့ကြတယ်.......... အပြီးမှာ တစ်ယောက်နဲ့တစ်ယောက်ဒီဒဏ်ရာတွေကို တစ်ယောက် နဲ့ တစ်ယောက်ဆေးထည့်ပေးခဲ့ကျတယ်........ပျောက်ပလားဆိုတော့......မပျောက်ပါဘူး...........ဒါပေမဲ့ နာကျင်သွားခဲ့တာတော့မျက်နှာတွေမှာ ဖြေထွက်သွားခဲ့တယ်.......ကျွန်တော်လား.......ကျွန်တော်ဒဏ်ရာတွေလဲ.....ဒီအတိုင်းပေါ့......မုန်းလဲမုန်းခဲ့ ဖူးပါတယ်..မုန်းလို့မရတာတစ်ခုကလွဲရင်ပေါ့.....ဘယ်လိုဆေးဆရာပဲဖြစ်ဖြစ်......နာကျင်ရင်းတန်းလန်းနဲ့ ကုစားကြတာပဲလေ.........အချိန်ကရောဘာမို့လို့လဲ......မျက်ရည်နဲ့ကုစားလို့ရမယ် ဆိုရင် ဒီဒဏ်ရာတွေ ပျောက်တာကြာလှပြီပေါ့........." အချိန်တွေထဲမှာစီမျောရင်း.......စီးမျောရင်းနဲ့ တစ်ချိန်ကျရင် သူတို့ပြောသလို ဒီအခြေအနေကို အထက်စီးကနေ ကြည့်ပြီးပြုံးမယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့....ဒါပေမဲ့ ငါရဲ့အချိန်တွေကလည်းပဲသူရဲ့ ရေပူစမ်းချောင်းလေးထဲမှာ မျောနေလို့မျောနေမှန်းသိမှမသိခဲ့တာ......လှည့်ကြည့်လိုက်တိုင်း ခရီးအစကိုပြန်ပြန်ရောက်သွားသလိုပဲ ....(ငါကခုထိဒီနေရာမှာပဲလေ)အဲ့လိုအမြဲစိမ်းတောတွေ ရှင်သန်ပေါများနေသမျှ.......ရွက်မရှိတော့တက်နဲ့လှော်တယ်......တက်မရှိတော့ လက်နဲ့လှော်တယ်...တက်မရှိတော့ လက်နဲ့လှော်ကျတယ်.....ဒါလဲ ဂုဏ်ပကာသနမုဆိုးများရဲ့ တိုင်စားမှု့တွေပါ....တစ်ကယ်တော့ သူတို့တွေလုပ်ကျတာလဲ မပာုတ်ပါဘူး......ဒါပေမဲ့ သူတို့ကြောင့်ဖြစ်ရတာလေ "တိတ်တဆိတ်ငြိမ်သက်ခြင်းက ရင်ထဲမှာပိုပြီး ကမ္ဘာပျက်သွားစေတယ်.....အိပ်မရတဲ့ညတွေတိုင်းမှာ အိမ်မက်တွေက တဆစ်ဆစ် နာကျင်ကိုက်ခဲနာရီကြည့်မိတော့............ပာုတ်တယ်.....ငါနာရီလက်တံတွေလို ထွက်ပေါက်ရှာရမယ်...........။ ။

No comments:

Post a Comment