Saturday, December 21, 2013

လွမ်းသမုဒ်ပြင်

ရင်မှာဖြစ်သည့် ၊ ချစ်ခြင်းတေးနုခံစားမှုကို ၊ ယခုထက်တိုင်မဆိုနိုင်သေး ... ။  ။နုနုပျောင်းပျောင်း ၊ သွယ်လက်ချောင်းဖြင့်စောင်းကြိုးညှိရင်း ၊ အတင်းအလျော့အပျော့အမာ ၊ အသံသာကိုဖွေရှာမောလျက် ၊ နာရီရက်တို့သက်သက်ကုန်လွန်လေပြီ ။   ။ဆိုမည့်တေးလဲ ၊ ရေးပြီးမဟုတ်အတွေးရှုပ်လျက် ၊ အသိခက်၏ဆိုရက်ဝေးကာ ၊ ဝေဒနာနှင့်ရင်မှာပြင်းပြ ၊ ခံစားရသည့်ဆန္ဒသာလျှင်  ရှိခဲ့သည်။    ။မြနုရွက်ဆင့် ၊ ပန်းမပွင့်သေးလေနုထွေး၏ ၊ အေးအေးသံသာကြားနေပါရဲ့ ... ။      ။သက်လျာနုသစ် ၊ အချစ်မျက်နှာမမြင်ပါသေး ၊ နုထွေးပါးလျားနှုတ်ခမ်းဖျားမှာ ၊ စကားချိုမြမကြားရပေ ၊ ခြေသံဖွဖွရှေ့လမ်းမမှာ ၊ ကြားရ၇ုံသာ ရှိသေးသည်။    ။သခင့်အတွက် ၊ ညံ့သက်ကြည်သာနေနားပါရန် ၊ နေရာထိုင်ခင်းပြင်ဆင်ရင်းနဲ့ ၊ အသင့်ဖြစ်လျက်မီးခွက်ဆီဖြည့်  ၊ မညိုရသေးမှုန်ရီမှေးမှိန် ၊ ကိုယ်နေအိမ်ထက်သခင်တက်ရန် ၊ နှုတ်ဆက်မဖိတ်ကြားနိုင်။    ။တစ်နေ့နေ့လျှင် ၊ သခင်နဲ့တွေ့မွေ့ရမည်ထင့် ၊ မျှော်လင့်စောင်စားနေရငြာလည်း ၊ မြသားရွှေဥချစ်သက်စုနှင့် ၊ ခုထိခုတိုင် မဆုံသေး။    ။

No comments:

Post a Comment