ဖြစ်ပျက်ရဲ့ အဆက်ဆက်နှုတ်ဆက် အသက်ကလေးဒီဘ၀က ထွက်ပြီးမပြေးခင်ရင်တွင်းဖြစ်တွေ ပြောခဲ့ပါရစေ ချစ်ခဲ့ဖူးတဲ့ ခရေ ...။ ။ဗေလုဝ နတ်စောင်းသံမကြားဖူးတာအမှန်ပါ ခရေ ...ဒါပေမဲ့ ...ပျားရည်ကို ကျိုချက်နှစ်တရာ စိမ်နှစ်ထားတဲ့အချိုနက်နက်လိုမင်း စကားသံတွေကတော့ငါ့နားစည်အမြှေးပါးတွေမှာပျော့ပျောင်း မြူးတူးပလူးပလဲနဲ့ ပနံသင့်နေပုံတွေကစာဖွဲ့  မပြောပြတတ်ဖူး ခရေ ...။ ။ငါ ကံဆိုးခဲ့ပါတယ် ...မင်းရဲ့အတွယ်တာမဲ့ ဥပေက္ခာရင့်ရင့် အပြုံးတွေငါ့ နှလုံးသွေးအိမ်ထဲ တိုးဝင် လည်ပတ်ကြခါမှခါချဉ်ကောင် ရာထောင်မကကိုက်ခဲမှုနဲ့ နှိုင်းယှဉ်မိတော့တယ် ...။ ။ဒူးရင်းသီးဟာ ...ချွန်မြတဲ့ဆူး များပေမယ့်အတွင်းအသားချိုပါတယ် ခရေ ...နူးညံ့တဲ့မင်းရဲ့အသားအရေအတွင်းမှာတော့အက်ဆစ် အဆိပ်ဆူးတွေထိုးထိုးထောင်ထောင်ပြည့်နက်နေမှန်းမင်းနဲ့ ချစ်မိတဲ့ တစ်လအကြာစက္ကူ ဖြူပေါ်မှာမင်းအမည်းတစ်စက် ကျသလိုကွင်းကွင်းကွက်ကွက်ထင်းထင်းရှင်းရှင်းငါမြင်ခွင့်ရတော့တယ် ခရေ ...။ ။ရေခဲဟာ ရေကလာပြီးရေပြန်ဖြစ်သွားလဲမင်းကိုချစ်ရခြင်းကအချစ်ကလာပြီးအမုန်းဆီခရီးပြင်းဆက်ရခြင်းအတွက်ရင်နာရတယ်- ခရေ ...။ ။ရေတွက်ရန်ခက်ခဲတဲ့မာယာတွေကို ကျကျနနထုပ်ပိုးမေတ္တာအပုတ်အသိုးအတွင်းသားရုပ်ဆိုးဆိုးကိုပါးပါးလေးဆေးချယ်ပရိယာယ်ကြွယ်တဲ့ မိန်းမလို့ မပြောရက်ဖူး- ခရေ ...။ ။ထုံထိုင်းမှုထူထူကျောက်ဆောင်အငူတခုလိုမင်းအပေါ်သက်ဝင်မှုတွေကယုံကြည်ခိုင်ခံ့ခဲ့ငါ ဘယ်သူကိုအပြစ်ဖွဲ့ ရမလဲချစ်ရတဲ့ ခရေရယ် ...။ ။ဥပ္ဒါန်နဲ့ စွဲငြိမင်းကို ချစ်နေဆဲအသိတော့သေရွာအထိ ယူသွားမိမှာပါ ...ယူသွားခွင့်ပြုပါ ခရေ
No comments:
Post a Comment