ငါ့ရင်ထဲက ဘာသာတရားငါယုံကြည်ရာ ငါ့ဘာသာသည်မီးရှို့ဖယ်ဖျောက် ပြာပုံရောက်လည်းငါရဲ့ရင်ထဲ ငါ့အသည်းမှာမပျောက်နိုင်ပါ ...ငါယုံကြည်ရာ ငါ့ဘာသာသည်တစ်ခြားလူမမှန် ဝေဖန်ကြလည်းငါ့ရဲ့ရင်ထဲ အသည်းထဲမှာမပျောက်နိုင်ပါ ...ငါယုံကြည်ရာ ငါ့ဘာသာသည်ဓါးလှံလက်နှက် ချိန်းခြောက်လျှက်လည်းငါ့ရဲ့ရင်ထဲ ငါ့အသည်းမှာမပျောက်နိုင်ပါ ...ငါယုံကြည်ရာ ငါ့ဘာသာကိုဘယ်သူစော်ကား ဘယ်လိုများစေငါ့ရင်ထဲမှာ ထာဝရင်သန်ငါသေပြန်လည်း မြေမှုန့်အဖြစ်အုတ်ကျောက်ဖြစ်ကာသာသနာ့စေတီ ငါပြန်တည်မည်ငါ့ရင်ထဲက ဘာသာတရား ...။ ။(Prince Akarit)
No comments:
Post a Comment