Friday, December 20, 2013

ကဗျာများ

စွန့်ရက်ရဲသည်မပတ်သက်ခင် ၊ တပ်မက်ချင်သောသံယောဇဉ်ဇာတ် ၊ သခင်ဖြတ်လှည့်လျှပ်ပြက်ညမှောင် ၊ ခင့်လရောင်မျှင်မမြင်သာသော ၊ ရင်နာတောမှသောကပင်အုပ် ၊ နွယ်လိမ်ရှုပ်ကြားထားရစ်မေ့ချန် ၊ တရံခါဆီဒဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏာရီဟု ၊ သည်တစ်ခုကိုသမုဒယဖွဲ့မပူဪ... သူ့ဘဝနဲ့ သူပျော်ပါစေ ။    ။ဘာသာစိတ်ကူး ၊ ပန်းငုံဖူးနှင့်နှစ်ဦးတွေ့သလို ၊ စကားဆိုခဲ့ပျားချိုနွဲ့ဝတ် ၊ ထုံနံ့ဆွတ်ကြည်မှီစက်ကပ်ကြည့် ၊ ပန်း၏အတွေ့သူ့ရင်ငွေ့ဟု ၊ မတွေ့သာရက်တွေ့လာခက်စဉ် ၊ တစ်သက်မပြေတစ်စက်ကြွေသည့် ၊ မျက်ရည်နှင်းစက်ပန်းပေါ်သက်မှ ၊ ကျွန်မငိုမိကိုယ်တိုင်သိပြီ ၊ ပြောခဲ့သည်များလွမ်းစကားတွေ ၊ ပန်းကြားမှာဝေ့ပြန်အောက်မေ့မလား ....ပန်းတွေ့လေတိုင်း စိုးပူတယ် ။    ။

No comments:

Post a Comment