Saturday, December 21, 2013

ရင်နာစရာ

နွားတွေကွဲနေလို့ကျားဆွဲခံရတာ အဆန်းမှ မဟုတ်တာပဲ။တရားရုံးမှာ အပြိုင်အဆိုင် အမွေလုကြရင်း၊ဘိုးဘွားပိုင်အမွေတွေ တစထက်တစလျော့နည်းပပျောက်သွားတတ်တာ အဆန်းမှ မဟုတ်တာပဲ။သို့ပေမယ့်လေ----ငါ့နယ်မြေ၊ သူ့နယ်မြေဆိုပြီး ရှိပြီးသား မြေပုံပေါ်မှာ အရေးအကြောင်းတွေကို သွေးမှင်နဲ့ဆွဲကောင်းနေကြတုန်း၊ခွေးအတွေက မြေပုံရဲ့အနားစလေးတွေကို ဖဲ့စားပစ်လိုက်ကြတဲ့အခါ.....။တမြေတည်းမွေးသူတွေ အချင်းချင်းကျတော့ မြေတလက်မ၊အာဏာတပဲသားအတွက် ဓားဆွဲကြ၊ သေနတ်ဆွဲကြ၊နိုင်ငံတကာမျက်နှာစာမှာ သူ့ဘက်၊ကိုယ့်ဘက်ခွဲလို့ အပြိုင်အဆိုင်ဟစ်ကြနဲ့ လက်မနှေး၊ ပါးစပ်မနှေးကြသူတွေ၊တိုင်းတပါးသားတွေကပြည်ပအချုပ်အခြာအာဏာကို ထိပါးလာတာကျတော့ခေါင်းကလေးတွေငုံ့လို့ ရေငုံနှုတ်ပိတ်နေကြတာကို တွေ့မြင်လာရတဲ့အခါ...။မြန်မာကိုနိုင်လေပြီလို့ပြောဆိုသံတွေကို အံကြိတ်ရင်း နားထောင်လိုက်ရတဲ့အခါ....။ဧည့်ခန်းထဲက မဟာဗန္ဓုလ ရုပ်ပုံလေးကိုတောင်မကြည့်ရဲ၊ ကြည့်ရဲ ဖြစ်လာသလိုလိုနဲ့တောက်- ရင်နာလိုက်တာကွာ။ခင်မမမျိုး (၁၆၊ ၃၊ ၂၀၁၂)

No comments:

Post a Comment