Saturday, December 21, 2013

ခေတ်သစ်ရည်းစာစာ

ရင်ထဲမှာပြည့်ကျပ်နေလို့ ဒိုင်ဂျင်းတစ်ပြားလောက်စားပြီး မင်းကိုချစ်တဲ့အကြောင်းရင်ဖွင့်ပါရစေ။ မင်းကိုယ့်အပေါ်မှာ အမြင်စောင်းနေရင် Americanvision မှာပြကြည့်ပါလား.......ဟင် ......။ ဘာပဲပြောပြော"အခုပြောမယ့်စကားတစ်ခွန်းကို လေးလေးနက်နက်နားထောင်ပေးပါနော်။ လေးနက်မှုရှိအောင် ဆန်တစ်အိတ်ထမ်းပြီးရေတွင်းထဲကနားထောင်ပေးနိုင်မလား...။မင်းကိုကိုယ်ချစ်တယ်.......လို့ပြောမယ်ကြံလိုက်တိုင်းမင်းမျက်နှာကိုမြင်လိုက်လို့ပြောမထွက်တော့ တာလည်းကို့ရဲ့ဝဠ်ကြွေးတစ်ခုလို့ပဲမှတ်ယူထားပါတယ်။ တစ်ကယ်တော့အချစ်ဆိုတာရယူခြင်းမှမဟုတ်ပဲမဏိစနာသီချင်းထဲကလိုပါပဲကွာ။မင်းကိုချစ်ခဲ့တာပေးဆပ်ခြင်းသက်သက်နဲ...သက်သက်နဲ့ ယုယုနဲ့ မင်းနဲ့ ပဲချစ်ခဲ့တာပါ။ မင်းက ကို့ ရဲ့အိပ်မက်ထဲအထိရောက်လာတတ်လို့ အိပ်တော့မယ်ဆိုရင်တောင်ဘုရားစာဖတ်ပြီးမှအိပ်ရဲတာလည်း မင်းမသိပါဘူးကွာ။အခုဆိုရင်မင်းမျက်နှာလေး ကိုမြင်ယောင်မိတိုင်းနှလုံးငြိမ်ဆေးတွေသောက်နေရပြီလေ.....အရင်ကဆိုကိုယ့်နှလုံးသားတွေကြမ်းတမ်းလွန်းလို့ကိုယ့် မှာချစ်ခြင်းမှရှိသေးရဲ့လားလို့ ပြန်မေးနေရတယ်လေ။မင်းနဲ့တွေ့မှပဲကြမ်းတမ်းတဲ့ကိုယ့် နှလုံးသားကို စည်ပင်ကပြန်ပြီးခင်းပေးခဲ့တာပါ။တစ်ခါတစ်လေ ပျော်ရွင်မှုတွေကြုံလာတိုင်း မင်းကိုသတိရမိရင်ပျော်ရွင်ခြင်းတွေပျောက်ကွယ်သွားတတ်တာချစ်လွန်းလို့ဖြစ်မှာပါ။မင်းရယ်သံချိုချိုလေးတွေကြောင့် နားဆေးခန်းသွားရတာလည်းနှစ်ခါရှိပြီနော်။ကိုယ်မှတ်မိသေးတယ်.....လွတ်လပ်ရေးနေ့ကပေါ့........ကလေးတွေနဲ့ အပြေးပြိုင်နေတဲ့ မင်းကိုအားပေးရင်းကြည့်နေတာမင်းပြေးပုံကလေးက လှံနဲ့လိုက်ထိုးလို့အသက်လုပြီးပြေးနေတဲ့ဝက်ပေါက်ကလေးလိုပဲ အရမ်းချစ်ဖို့ကောင်းတယ်သိလား?ဒီနေ့အထိမျက်စိထဲက မထွက်နိုင်အောင်ပါပဲကွာ။ဒီထက်သာတဲ့အကောင်နဲ့နှိုင်းချင်ပါတယ်..စဉ်းစားလို့မရတာကိုစိတ်မဆိုးနဲ့နော်။အပေးအကမ်းရက်ရောတာကတော့ သူတောင်းစားတောင်"ခင်ဗျားကိုတစ်သက်လုံးမတောင်းဘူး" ဆိုပြီးသစွ့ာရေသောက်သွားတာကိုကြည့်ရင် မင်းရဲ့ဖြူစင်တဲ့ စေတနာလေးတွေကိုတန်ဖိုးထားတတ်ခဲ့တာပါ။ အဲဒီလို မင်းအကြောင်းတွေစဉ်းစားမိတိုင်းတောထွက်သွားတဲ့ ရသေ့တွေကို အားကျမိတာလည်း မင်းကိုလေးစားလို့ပေါ့။ရင်ခုန်သံတွေပြောင်းပြန်အချိုးကျလို့ ကိုယ့်စိတ်တွေမှုမမှန်တဲ့နေ့ကျရင်မင်းဆီကိုအဖြေလာတောင်းမယ်နော်။

No comments:

Post a Comment