Saturday, December 21, 2013

နမ်းရှိုက်မိတဲ့ပန်းမိုက်

မင်းနဲ့ ဆက်သွယ်အကြောင်းတရားတွေဆီစိုက်ငင်နေတဲ့  ငါ့အတွေးအိပ်ရေးတွေက အိပ်စက်ခြင်းနဲ့ လမ်းခွဲခဲ့တယ်။   ။ခေါင်းထောင် ထောင်ထလာတဲ့မင်းကိုလွမ်းစိတ်အပြီးသတ် နေဝင် မီးငြိမ်းလိုက်ချင်လည်းခန္ဓာသွေးမြစ်ထဲ စွဲမြဲလည်ပတ်နေဘိခြင်း ။    ။အမြင့်ပေါ်က ကြွေကျလာတဲ့ ခရေတပွင့်ရူးမိုက်နက်သက်စွာနဲ့ ရင်ခွင်ပွင့်ပန်းထဲနှစ်ပွင့်တပွင့်ရောယှက် စိမ်နှစ်မိတာကိုကငါကြေကွဲဖို  ကြိုတင်နိမိတ်ဖတ်ပညာသင်မထားမိခဲ့တာ ငါမှားတာပဲ ခရေ ။   ။ရှေး ... ချစ်သူတို့  စကားတွေလို“ သက်ဆုံးတိုင် ပေါင်းကြမယ်မောင် ...”နှုတ်ထွက် မင်းစကားပြန်ကြားမြည်သံတွေကငါ့ နားနံရံမှာ တောင်ပံခတ်လူးလွန့် နေကြဆဲပဲ ခရေ ...။    ။ရွာတော့မယ့် မိုးချုပ်တော့မယ့် နေရဲ့အောက်ပလူကောင်တွေ ရုတ်ရုတ်သဲသဲအိမ်တန်းပြန် ဂဏာမငြိမ်သလိုမျိုးနဲ့ ငါ့စိတ်ပင့်ကူအိမ်ထဲခိုင်ခန့်စွာ ကပ်ငြိနေတာက  မင်းအကြောင်းတွေပေါ့ ... ခရေ ။    ။ခုတော့ ...ခရေ ဆိုတာ ငါ့အတွက် တစ္ဆေတစ္ဆေအခြောက်ခံရချက်ကညတစ်ည မကရှည်လျားနေ့ ဖက်များမှာတောင် ကြောက်လန့် နေရ ။    ။ဝေ့ ဝဲလွှင့်ပျံ တစ်ကမ်းကပ် တစ်ကမ်းခွါကမ်းကပ်ကမ်းခွါမှာ သာယာတတ်တဲ့ ခရေရှူရှိုက်ပြီး ခြွေပစ်တတ်တဲ့ ပန်းခတ်မုဆိုးလက်မှာမင်းဘဝကြေမွသွားရမှာ ...ရင်မှာစိတ်စောမင်းအတွက် ငါရင်မောတယ် ... ခရေ ။     ။

No comments:

Post a Comment