Saturday, December 21, 2013

နှလုံးသာ၏လှို့ဝှက်ခန်း

နေ့ တနေ့ ရဲ့ မျှော်လင့်ချက်တွေ ကုန်ခမ်းစပြု ချိန်မှာမြင်ဖူးသမျှထဲမှာ ကြည်နှူးစရာအကောင်းဆုံးလို့ ထင်တဲ့သိုလှောင်ထားတဲ့ နှလုံးအိမ်ဟာအရေးအပါဆုံးတခုအဖြစ် ရပ်တည်နေဆဲပါဘဲ ... ။    ။“ ချစ်နိုင်သမျှထက် ပိုပါတယ်......ရှင်... ” လို့ ဂုဏ်သရေရှိစွာနဲ့  ငိုရှိုက်ပြောနေတဲ့မျက်လုံးထဲက ခံစားချက်မှာ အဆင့်အတန်း မလိုပါဘူးကွာ ... ။    ။နောင်တရမိတဲ့ ကျက်သရေရှိတဲ့ကိစ္စတွေရပ်တန်းကရပ်မသွားဖို့ တောင်းဆိုပါရစေ ...မိန်းမတစ်ယောက်ဟာ အလှအပဘဲ ရှိတာမဟုတ်ဘူးဆိုတာအပြောင်းအလဲလေး နည်းနည်းလောက် လုပ်ကြည့်ရင်သိနိုင်ပါတယ် ... ။    ။ဖြေသိမ့်မှု့ပေးနိုင်ဖို့အတွက် ရဲရင့်မှုလိုတယ် ...ယောင်္ကျားတိုင်းဟာ အတူတူပဲလို့ မင်းယူဆမလား ... ။   ။သိပ်ကိုထူးခြားတဲ့ မင်းကသာအရာရာကို မျှဝေပေးခဲ့ရင်သုံးပြီးသားနှလုံးသားက  ဟောင်းသွားတယ်လို့ မရှိပါဘူး ... ။    ။ရှင်သန်စွဲမြဲဖို့ ကြံမိကြံရာ လုပ်ခြင်းတမျိုးဟာနောက်ဆုံးအခွင့်အလမ်းတွေကြားထဲမှာ သောင်တင်ပိတ်မိနေတာပေါ့ ...နှလုံးသားနှင့် ချစ်ခြင်းဟာ တစ်ခြားစီပါကွာ ...။     ။မင်းရဲ့ကဗျာဆန်တဲ့လက်တွေ ငါ့နှလုံးအိမ်ထဲ ဖောက်ဝင်သွားတာငါတစ်ယောက်ပဲသိတယ်ဆိုတာ  ယုံလိုက်စမ်းပါ ...ထပ်ပြီး ကတိပေးတယ်... ဘယ်ကိုမှ မပြေးပါဘူးလို့  ...။     ။

No comments:

Post a Comment